ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာများ ထောက်ပံ့‌ပေးအပ်၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၃/၂၀၂၂)အစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာများ ထောက်ပံ့‌ပေးအပ်၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၃/၂၀၂၂)အစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား    အောက်တိုဘာ ၆

          ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)ခုမှ တောင်သူ (၁၄၉) ဦးတို့အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၆ ရက်  နံနက် ၉နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ် သည်။

          ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး၊ လွန်ခဲ့သည့် သြဂုတ်လအတွင်းမှာလည်း တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာစပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကြွက်ဘေး သင့်တောင်သူ (၁၀၆) ဦးအား ဆန်အိတ်(၁၀၆)အိတ် ထောက်ပံ့ကူညီပေးခဲ့သလို ယနေ့မှာလည်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဘွမ်ခါး၊ ကဝါးပန်၊ ခကရန်းယန်၊ မိုင်းထောင်၊ ဆူယန်နှင့် အင်ဂေါမ ကျေးရွာတို့တွင်လည်း ကြွက်ဘေးအန္တရာယ် ကျ‌ရောက်မှုကြောင့် တောင်ယာ စပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဆန်ရိက္ခာ ထောက်ပံ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြွက်ဘေးအန္တရာယ် ကျရောက်မှုကြောင့် အဆိုပါကျေးရွာအုပ်စု (၆)ခုအတွင်းရှိ မိုးရာသီစိုက်တောင်ယာစပါးနှင့် သီးနှံစိုက် ဧက စုစုပေါင်း (၃၆၀) ဧက ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံတောင်သူ (၁၄၉)ဦးတို့အတွက် ဆန်အိတ် (၁၄၉) အိတ်ကို ထောက်ပံ့ပေးအပ်ရာ ပူတာအိုခရိုင်ကိုယ်စားလှယ် ဌာနခွဲစာရေး  ဦးကျော်သူရက တောင်သူများကိုယ်စားလက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

         ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ရေးနှင့် အခက်အခဲများအား စဥ်ဆက်မပြတ် ပံ့ပိုး ကူညီနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့‌‌ထောက်ပံ့ပေးအပ်ခဲ့သည့် ဆန်ရိက္ခာ များအား တောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ် ဆက်ကာ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို ကျင်းပပြုလုပ်ခဲ့ပြီး ၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေ၊လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

          ထို့နောက် ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း လျှောက်ထားလာသည့် လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်း ဆွေးနွေးရာတွင် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု စိစစ်ဆွေးနွေး ကြရန် အကြံပြု ပြောကြားသည်။ ဆက်လက်၍  ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းမြင့်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ဓာတ်သတ္တုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ဥပဒေနှင့်ညီညွှတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ကော်မတီဝင်များက စိစစ်သုံးသပ် ဆွေး‌‌နွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လျှောက်ထားလာသည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာဌာနများ၏ အတည်ပြု ထောက်ခံချက် ရှိ/မရှိအား စိစစ်သုံးသပ် အတည်ပြုပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။