ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား လေဆိပ်၌ သွားရောက်တွေ့ဆုံအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား လေဆိပ်၌ သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၀

          ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။

          ရှေးဦးစွာ နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းနည်းပြ၊ အုပ်ချုပ်သူ များနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြ‌ရေး၊ အောင်ပွဲကိုရရှိပြီး ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရေးနှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရေး အားပေးပြောကြားသည်။

          ထို့နောက် နောင်ရာမိသားစု ကုမ္ပဏီလီမိတက်၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဂျပ်မွန်းအောင်က ကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများအား ထောက်ပံ့ငွေကျပ် ၁၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း၌ စည်ပင် သာယာရေးအဖွဲ့မှ မြေယာပြုပြင်ပြီး မြက်စိုက်ခြင်း၊ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုး ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အလားတူ ပှညနြယဝြနကြှီးခွုပသြညြ အောကတြိုဘာ ၉ ရကြ ညနပေိုငြးက မှဈကှီးနားမှို့ ပှညသြူ့အားကစားကှငြးအတှငြး၌ အောကတြိုဘာ ၆ ရကမြှ စတငကြငွြးပပှုလုပလြကွရြှိသည့ြ ကခငွြ ပှညနြယအြမွိုးသမီးအားကစားအဖှဲ့ ဆပကြောမြတီနာယက ဖလား ခရိုငပြေါငြးစုံ အသကြ (၁၈)နှဈ အောကအြမွိုးသမီးဘောလုံးပှိုငပြှဲ အုပစြုပှဲစဉမြွား ယှဉပြှိုငကြစားနမှေုကို ပွှညနြယဝြနကြှီးမွား၊ ပှညနြယအြမွိုးသမီးအားကစားအဖှဲ့ ဆပကြောမြတီနာယက၊ အဖှဲ့ဝငမြွား၊ ဒသခေံမွားနှင့အြတူ သှားရောကကြှည့ရြှုအားပေးခဲ့ကှသညြ။

ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်  မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်း၊ မိုးညှင်း ခရိုင်အသင်းနှင့် ဗန်းမော်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပူတာအိုခရိုင်အသင်းက မြစ်ကြီးနား ခရိုင်အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ဗန်းမော်ခရိုင်အသင်းက မိုးညှင်းခရိုင်အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ကြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးတို့က ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြိုင်ပွဲဝင်အသင်းများအား ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။