ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၂

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုး ရအဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဝိုင်းမော်မြို့နယ်၊ နန့်မြစ်ခချောင်းအနီးရှိ လယ်မြေများပေါ်တွင် မြို့နယ်ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများအသင်းမှ တောင်သူများ၏ လယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာ၊ သွင်းအားစု အကူအညီများဖြင့် ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက်ခင်းများအား GAP စနစ်ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ တောင်ယာသွားလမ်း ခင်းကျင်းပေးနိုင်ရေးနှင့် လိုအပ်သည့် စိုက်ပျိုးရေလုံလောက်မှုရှိစေရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ အာလူးဘာရီကျေးရွာ၊ အာလူးဘာရီ ကွင်းအတွင်း တောင်သူဦးအိုက်ထွန်း၏ လယ်မြေ ၁၀ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာစိုက်ခင်းမှ ရိတ်သိမ်းချိန် နေကြာသီးနှံများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကျေးရွာအတွင်းရှိ တောင်သူများအား နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး သွင်းအားစုများ၊ မတည်ငွေများပံ့ပိုးကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြား ကာ တောင်သူဦးအိုက်ထွန်းအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ပိုင်ရှင်ဦးသန်းဝင်း၏ မနောမြန်မာရက်ကန်းရုံအတွင်း ရက်ကန်းစက်များဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်နေမှုနှင့် ထွက်ကုန်များကို ခင်းကျင်းရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်ကြီးသို့ သွားရောက်ပြီး စေတီတော်ရင်ပြင်နှင့် စေတီတော် ပုရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စေတီတော်ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ စက်မှုဇုံနယ်မြေအတွင်း သမဝါယမအသင်းစု လီမိတက်ပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးစက်ရုံ၌ တစ်ဖက်ချောစက္ကူနှင့် ဂျပ်ဖာများ ထုတ်လုပ်နေမှုနှင့် နှစ်ဖက်ချောစက္ကူနှင့် စာအုပ်ထုတ်လုပ်နိုင်ရေး စက်သစ်တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားမြို့ သီတာရပ်ကွက် တင်းနစ်ကွင်း၌ အသင်း ၆ သင်းဖြင့် ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ဆောင်းရာသီတင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည်။

          ဆုများကို ချီးမြှင့်ရာတွင် နှစ်ယောက်တွဲပြိုင်ပွဲ၌ ဆုရရှိသူများအား ပြည်နယ်တင်းနစ်ဆပ်ကော် မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲ တွင် ဒုတိယနှင့် တတိယဆုရအသင်းများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်စီးပွား ရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမဆုရအသင်းအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆပ်ကော်မတီအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခရိုင်အား ကစားနှင့် ကာယပညာဦးစီးဌာနဝင်းအတွင်း ခရိုင်ဘောလုံးကွင်း အဝင်လမ်း ကျောက်ချောခင်းကြိတ် ထားရှိမှု၊ ခြံစည်းရိုးကာရံထားရှိမှုနှင့်  အဆိုပါဝင်းအတွင်း ရေကူးပြေးလမ်း ၁၀ လမ်းပါ အကြီးဆုံး ရေကူးကန်တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရေကူးကန်အဝင်လမ်း၊ ရေကူးကန်ပတ်ဝန်းကျင်တို့ တွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများနှင့်လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အားကစား ကဏ္ဍတိုးတက်မြင့်မားလာရုံသာမက အားကစားရုံ၊ အားကစားကွင်းများ အမြဲသန့်ရှင်းသပ်ရပ်နေစေ ရေး၊ အားကစားသမားများဖြင့် စည်ကားနေစေရေး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။