ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်၊ ယူနန်ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်၊ ယူနန်ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော အရာထမ်း/ အမှုထမ်းများအား အခါအားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား နေ့မအား၊ ညမနား အားကျိုးမာန်တက် တာဝန် သိသိ၊ သစ္စာရှိစွာဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုကို အသိအမှတ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခြင်းဖြစ် ပါကြောင်း၊ ထောက်ပံ့ပေးအပ်မှုသည် မပြောပလောက်သော်လည်း ဝန်ထမ်းမိသားစုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နောက်နောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အခါအားလျော်စွာ လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း အားပေးပြောကြားသည်။

          ဆက်လက်၍ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်အစိုးရဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများ၊ ကိုယ်ရေးအရာရှိများ၊ လုံခြုံရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရုံးတွင် တာဝန် ထမ်းဆောင်နေ သောဝန်ထမ်းများ၊ သတင်းအဖွဲ့များ၊ မီးစက်တာဝန်ကျဝန်ထမ်းများ၊ သတင်း အဖွဲ့များ၊ ဧရာဝတီဧည့် ရိပ်သာတာဝန်ကျနေ့စားဝန်ထမ်းများ စုစုပေါင်း ဝန်ထမ်း(၃၄၅)ဦးတို့ အတွက် တစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁)ပိဿာ၊ ကြက်ဥအလုံး(၃၀)၊ ကြက်သွန်နီ (၁)ပိဿာ၊ ကုလားပဲ(၁)ပိဿာစီဖြင့် စုစုပေါင်း ငွေကျပ် ၁၅၆၅၈၅၀၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဝန်ထမ်းအားလုံးကိုယ်စား ဌာနခွဲစာရေးကြီးဒေါ်ခင်စန်းဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင် ရွက်မှုတွင် အရေးပါသော စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယူနန်ပေါင်စန်း ဟိန်ယိအုပ်စုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ဆွေမျိုး ပေါက်ဖော်များပီပီ ယူနန်ပြည်နယ်ထဲတွင် မိမိတို့ ကချင်လူမျိုးများစွာ နေထိုင်လျက်ရှိပါကြောင်း၊ သို့ ဖြစ်ပါ၍ ယူနန်ပြည်နယ်နှင့် မိမိတို့ ကချင်ပြည်နယ်တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ဖလှယ်ခြင်းဖြင့် အတူတကွနေထိုင်ခဲ့ကြပါကြောင်း၊ ယနေ့ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်တော့မည်ဖြစ် သလို မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း ပြောကြားသည်။

          ထို့နောက် ယူနန်ပေါင်းဆန်းဟိန်ယိအုပ်စုကုမ္ပဏီဥက္ကဋ္ဌ၊ မစ္စတာတွန်ကျီကွေ့နှင့် ကိုယ်စား လှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြန်မာ-တရုတ်နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့ရသည့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး၊ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ဟိန်ယိအုပ်စုကုမ္ပဏီမှ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက် မှုတွင် အရေးပါသော လုပ်ငန်းစီမံကိန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ်ဂိတ် ဝန်ဆောင်မှုလုပ်ငန်း စီမံကိန်း၊ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်း၊ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် ဘက်စုံတွဲဖက်သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ ထိန်ချုံး-မြစ်ကြီးနားလမ်းမအဆင့် မြှင့်တင်ခြင်း လုပ်ငန်းအပါအဝင် မြစ်ကြီးနား-ပန်ဆောင်လမ်းမကြီးစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ချစ်ကြည် ရင်းနှီးစွာဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။