ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ပေး၊ ပူတာအိုမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ပေး၊ ပူတာအိုမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဖေဖော်ဝါရီ  ၂၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး အတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီ တွင် ပူတာအိုမြို့သို့ ရောက်ရှိပြီး မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေး ဆောင်ရွက်သော ရပ်ကွက်/ ကျေးရွာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း(ပူတာအို)၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီး ဌာနမှ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် ရေဘေး၊ မြေပြိုဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးအန္တရာယ် စသည်တို့ကို ကြုံတွေ့ခံစားရနိုင်ခြေရှိပြီး သဘာဝဘေးများအား ရင်ဆိုင်တုံ့ပြန်ရန်အတွက် ထိရောက်သည့်စီမံခန့်ခွဲမှုများကို လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး လုပ်ငန်းစဉ် နှင့် အရေးပေါ်တုံ့ပြန်စီမံဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ကွပ်ကဲမှု ဆက်သွယ် ရေးစနစ်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေး ယနေ့သင်တန်းမှ ပေးသည့်အသိပညာများဖြင့် ပြည်သူ လူထုအကြား လုပ်ငန်းများ ထိရောက်လျင်မြန်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေ သီမာက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး တစ်ပတ်ကြာဖွင့်လှစ် မည့် အဆိုပါသင်တန်းသို့ တက်ရောက်ကြမည့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ် တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းအတွင်း ဘာသာရပ်အလိုက်သင်ကြား ရေးအတွက် သင်ထောက်ကူပစ္စည်းများဖြင့် ကျောင်းသား/ ကျောင်းသူများအား သင်ကြားပေးလျက် ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် အတွင်း ပိုင်ရှင်ဦးအားခီ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးခူမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံ မွေးမြူရေးခြံသို့ သွားရောက်ပြီး ငါးခူသားပေါက်များ မွေးမြူထားရှိမှု အခြေအနေနှင့် ခြံဝင်းအတွင်း ကြက်၊ ဝက်၊ ကြက်ဆင်များ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဈေးကွက်ရရှိ ရေး၊ ငါးခူမွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းစု၏ ဒေသထွက်ကုန်နှင့် သက်သာချောင်ချိရေးသမဝါယမအရောင်းဆိုင်အတွင်း ဒေသထွက်ကုန်ပစ္စည်းများအပါအဝင် ဆန်၊ ဆီအခြေခံစားသောက်ကုန်များ ဈေးနှုန်းချိသာစွာရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

          ယင်းနောက် မြို့မရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းဆောင် ရွက်မည့် တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ငါးလုပ်ငန်းဦးစီးဌာနရုံး၌ မျိုးစပ်ငါးခူများ မွေးမြူထား ရှိမှု၊ ရွှေဝါငါးကြင်းနှင့် ပူတာအိုဒေသမျိုးရင်းဖြစ်သည့် ငါးနီငါးများ မျိုးစပ်သားဖောက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျမျိုးစပ်၍ တောင်သူများထံ ဖြန့်ဝေပေးနိုင်ရေးနှင့် တောင်သူများအား အခြေခံငါးမွေးမြူနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပန်းလှိုင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သည့် တောင်သူဒေါ်တင်တင်အေး၏ ပန်းအာလူးစိုက်ခင်းအတွင်း ဒေသခံများ နှင့်အတူ ရိတ်သိမ်းချိန်ဖြစ်သည့် ပန်းအာလူးများကို ကောက်ယူခဲ့ကြပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိ သည့်အခြေအနေနှင့် ဈေးကွက်ဖြန့်ဝေနိုင်မှု၊ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးပြီး အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူဒေါ်ညှင်းစိန်၏ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွင်း ဂေါ်ဖီထုတ်၊ ဆီမုန်းညှင်း၊ ပန်းဂေါ်ဖီ၊ ပဲရွက်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ဆန်ခေါက်ဆွဲစက်ရုံလည်ပတ်၍ ခေါက်ဆွဲ ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတောင်းကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တောင်သူဦးဆန်းဝင်း၊ ဒေါ်ပဒုံမနီ၊ ဦးသန်းဆိုင်တို့မှ ဒေသဝက်များ မွေးမြူထားရှိမှုနှင့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လေယာဉ်ကွင်း ရပ်ကွက်အတွင်း တောင်သူဦးချန်ဂျောင်ဆားမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးခူများ မွေးမြူ ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးနှင့် ဈေးကွက်ရရှိရေးနှင့် ရင်းနှီးမတည်ငွေဖြင့် ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။