ကချင်ပြည်နယ်ဝန်ကြီးချုပ် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း) ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး၊ ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဒေသဧည့်လမ်းပြသင်တန်း တက်ရောက် ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း) ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး၊ ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဒေသဧည့်လမ်းပြသင်တန်း တက်ရောက် ဖွင့်လှစ်ပေး

ပူတာအို         ဖေဖော်ဝါရီ ၂၈

          မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီ က ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီရေခဲတောင် သွားလမ်းတစ်ခုဖြစ်သည့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်သွားလမ်း)ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့်အထက် ဆန်ဂေါင်-မူလာချောင်းကူးတံတားသွားလမ်းပေါ်ရှိ အမြင့်ပေ (၄၇၇၈)ရှိသည့် ရှိန်းလိန်းချက် တောင်ထိပ် လမ်းစီမံကိန်းရုံး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး လမ်းစီမံကိန်းဆိုင်ရာ အချက်အလက် များနှင့်စပ်လျဉ်း၍ လမ်းဦးစီးဌာနမှတာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက်ပြည်ထောင်စုနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          အဆိုပါ လမ်းစီမံကိန်းလုပ်ငန်း(၂၄ မိုင် ၇ ဖာလုံ)သည် ကျေးရွာ (၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊ လူဦးရေ ၁၁၃၉ ဦးတို့အား  အဓိကအကျိုးပြုသည့် လမ်းကြောင်းတစ်ခုဖြစ်သည့်အပြင် ပြည်နယ် ဝန်ကြီးချုပ်က အရှေ့တောင်အာရှတွင် တစ်ခုတည်းရှိသော ရေခဲတောင်များရှိရာသို့ သွားရာလမ်း ကြောင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် ပြည်နယ်၏ ECO Tourism လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောလမ်းကြောင်းတစ်ခုအဖြစ် အလေးထား ကြိုးစားဆောင်ရွက်ကြရေး၊ စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အထက်ဆန်ဂေါင်မှ ခါးလန်ကျေးရွာအထိ အမြင့်ပေ ၄၅၀၀ ကျော်ရှိသည့် တောင်တက်/ဆင်းလမ်းပိုင်းနှင့် မြေပြန့်လမ်းပိုင်းများအတွင်း အမာခံလမ်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် မြေသားလမ်းသစ်ဖောက်လုပ်ခြင်းနှင့် လမ်းအူကြောင်းပြောင်းလဲခြင်းတို့ကို လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခါးလန်ကျေးရွာမှ ဖုန်ကုန်ရာဇီရေခဲတောင်ခြေရှိ ဇီယာဒမ်း ကျေးရွာအထိ သဘာဝသစ်တောကြီးများကို ဖြတ်သန်း၍ ခြေလျင်လမ်းလျှောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

          ယင်းနောက် ဇီယာဒမ်းကျေးရွာ၏ အေးချမ်းသာယာမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာလူထုဗဟိုပြုခန်းမဆောင်၌ ဇီယာဒမ်း၊ အဝဒ်ဒမ်၊ ခါးလန်၊ လုံးနဒမ်း၊ ဝမ်လိုင်ဒမ်း၊ နမ်ရူ၊ နမ်ရူထုကျေးရွာများမှ လူထုနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ကာ ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပူတာအိုဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် ရေခဲတောင်တက် ခရီးစဉ်ဒေသဖွံ့ဖြိုတိုးတက်ရေးအတွက် ကျေးရွာနေပြည်သူများ အနေဖြင့် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကို အလေးထားထိန်းသိမ်းထားကြရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဒေသအခြေပြုခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာရေး ဖြည့်ဆည်းဆောင်ရွက်သွား မည့်ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

          ထို့နောက် ကျေးရွာများမှ ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီးလင်းရေး၊ ပညာရေးကဏ္ဍနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေး၊ အားကစားကွင်းပြုပြင် ပေးရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရှာကော်၊ ငရုတ်ကောင်း၊ ကြိမ် နှင့် ဝဥ၊ သစ်ခွစသည်တို့ကို စိုက်ပျိုးရေးထုတ်ကုန်များအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် အိမ်မွေးတိရိစ္ဆာန်များ မွေးမြူနိုင်ရေးနှင့် သက်မွေးပညာသင်တန်းများ တက်ရောက် သင်ကြားနိုင်ရေး လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီယာဒမ်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး လမ်းဦး စီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(၈) တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မူလာချောင်းကူးတံတား၊ အရှည် (၂၄၀)ပေအား သံကူကွန်ကရစ်တံတား လုပ်ငန်းစီမံကိန်းရုံး၌ ဘဏ္ဍာနှစ်အလိုက် တံတားတည်ဆောက်နေမှုနှင့် ကမ်းကပ်ခုံနှင့် ရေလည်တိုင်များ တည်ဆောက် နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လမ်းလုပ်သားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီတွင် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကြောင့် မြို့နေလူထု အနေဖြင့် ငလျင်အန္တရာယ်ကျရောက်လာပါက ဌာနဆိုင်ရာများနှင့် အချိတ်အဆက် မိမိပူးပေါင်း ပြီး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်စေခြင်းအားဖြင့် အသက်အိုးအိမ်ပစ္စည်း များဆုံးရှုံးမှုလျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်လှကေ သီမာက ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်လှုပ်ခတ်သည့်အချိန်၌ ဘေးလွတ် ကင်းရာနေရာသို့ ရှောင်တိမ်းနေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိ သူများအား ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယာယီ ခိုလှုံရာကယ်ဆယ်ရေးစခန်းအတွင်း ဘေးသင့်သူစာရင်းကောက်ယူခြင်း၊ လုံခြုံရေးဆောင်ရွက်ပေး ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းစသည့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်သူများအား ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ခဲ့ သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရဝမ်အမျိုးသားဥယျာဉ်ဝင်းအတွင်းရှိ ခရန်ခူးခန်းမ၌ ကျင်းပပြုလုပ်သည့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စီစဉ်ဆောင်ရွက်သည့် ပူတာအိုခရိုင် အတွင်းရှိ ရေခဲတောင်တက်ခရီးစဉ်များသို့ ခရီးသွားဧည့်သည်များနှင့်အတူ လမ်းပြအဖြစ် လိုက်ပါ ဆောင်ရွက်မည့် ဒေသခံများအတွက် ဒေသဧည့်လမ်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ယနေ့သင်တန်းသားများအနေဖြင့် မိမိတို့ဒေသခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများကို မှတ်သားနာယူပြီး ဝန်ဆောင်မှုအရည်အသွေးများအပြင် ဒေသ၏ သဘာဝအရင်း အမြစ်များကို အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား သည်။

          ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ဒေသတွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ သင်တန်းဖွင့် လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းပြောကြားကြပြီး ရက်သတ္တပတ် ၂ ပတ်ကြာဖွင့်လှစ်သင် ကြားသွားမည့် အဆိုပါသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား ၁၀၀ ကျော်နှင့် အမှတ် တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့နယ်အတွင်းရှိ လပြည့်ဝန်းလက်ဖက်စိုက် ပျိုးရေးနှင့် ဘက်စုံစိုက်ပျိုးရေးခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း လက်ဖက်စိုက်ခင်းများ၊ ငါးကန် များတွင် ငါးများမွေးမြူထားရှိမှု၊ ခေါင်လန်ဖူးဒေသတွင်သာ ပေါက်ရောက်သည့် ထင်းရှုးပင်တစ်မျိုး၊ ဆီထုတ်လုပ်နိုင်သည့် တောင်ထန်းပင်များ၊ မန်ဂျန်ရှားစိုက်ခင်းနှင့် ဂရိတ်ဖုစိုက်ခင်းများအား လည်းကောင်း၊ ထဝါဒမ်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယော့ရကန် ရက်ကန်းရုံ၌  ရဝမ်ရိုးရာအဝတ်အထည်များ ရက်လုပ်ရောင်းချနိုင်မှုအခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဘောလုံးကွင်း ပတ်လမ်း မီတာ ၄၀၀ ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ အတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား အားပေးစကားပြောကြားကာ လူနာများ အတွက် အဟာရဖြစ်မုန့်များနှင့် ထောက်ပံ့ငွေများကို လိုက်လံပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။