ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ  အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၆

          ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့်  မြို့နယ်များ အလိုက် ရပ်ကွက်/ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး လုပ်ငန်းကဏ္ဍအလိုက် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက် နံနက် ၁၀ နာရီခွဲက လုပ်ငန်းစီမံကိန်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ 

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းစီမံကိန်းများကို ခရိုင်၊ မြို့နယ် များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင် ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားနှင့် စားဝတ်နေရေးကို အခြေခံကျသည့် လုပ်ငန်းစီမံကိန်း များဖြစ်သည့်အတွက် ရန်ပုံငွေများအား   ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ စာရင်းဇယားများ စနစ်တကျရှိစေရေးနှင့် မြေပြင်တွင် အမှန်တကယ်ထိရောက် အောင်မြင် သည့် လုပ်ငန်းများ ဖြစ်စေရေးကို အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

          ဆက်လက်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များနှင့် စိုက်ပျိုးမွေးမြူရေးစသည့် လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ခရိုင်/ မြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထပ်မံရင်းနှီးမတည်ပေးရမည့် လုပ်ငန်းစီမံကိန်း များနှင့် ရင်းနှီးမတည်ငွေများကို သတ်မှတ်ထားသည့် လုပ်ငန်းဆောင်ရွက်မှု အစီအမံများအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် မဖြစ်မနေ အောင်မြင်အောင် အနီးကပ်ကြပ်မတ်ဆောင်ရွက် ရေး၊ လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများ ဖြည့်ဆည်းပေးရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း နှင့်အညီ ရန်ပုံငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ ၁၀၇ ရွာအတွက် လုပ်ငန်းစီမံကိန်း ၉၁ ခု၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ ၁၈ ရွာအတွက် လုပ်ငန်းစီမံကိန်း ၁၈ ခု၊ ငါး မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ ၆ ရွာအတွင် လုပ်ငန်းစီမံကိန်း ၆ ခု၊ သမဝါယမအစုအဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ ၃၇ ရွာအတွက် လုပ်ငန်းစီမံ ကိန်း ၅၇ ခုတို့တွင် စုစုပေါင်း ရန်ပုံငွေကျပ် ၇၄၅၇.၅၀ သန်း ရင်းနှီးမတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ကချင်ပြည်နယ်ရှိ ပြည်တွင်း နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းများ မိုးမကျမီ ဆောလျင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အချိန်အထိ (၁၀)နှစ်ကျော် နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ မိမိတို့၏ ညီအစ်ကိုမောင်နှမများအတွက် ပြန်လည်နေရာချထား ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဘာသာရေးအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ ထိရောက်အောင်မြင်စွာ၊ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာပြည်သူများ တည်ငြိမ်အေးချမ်းစွာ ပြောင်းရွှေ့နေထိုင်နိုင်ရေး လိုအပ်သည့်ပံ့ပိုးကူညီမှု၊ တည်ဆောက်မှုလုပ်ငန်းများကို မိုးမကျမီ အရှိန်အဟုန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါ ကြောင်း မှာကြားသည်။

          ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ နေရာချထားရေးလုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်း လင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည်နေရာ ချထားပေးနေမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေး အတွက် နေအိမ်၊ အဆောက်အဦများ ပြင်ဆင်ဆောက်လုပ်နေမှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်နိုင်ရေး စီမံကိန်းလျာထားချက်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာထောက်ပံ့မှုစီမံကိန်း လျာထားချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးမကျခင် ဆောလျင်စွာ ဆောင်ရွက်ပြီးစီးရေးနှင့် လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။