ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲ‌တော် သင်္ကြန်ရေကစားမဏ္ဍပ်များ/ ဖျော်ဖြေရေးမဏ္ဍပ်များတည်ဆောက်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲ‌တော် သင်္ကြန်ရေကစားမဏ္ဍပ်များ/ ဖျော်ဖြေရေးမဏ္ဍပ်များတည်ဆောက်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၃၀

          ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌မြို့တော်အင်္ဂါရပ်နှင့်အညီ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် အများပြည်သူပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မတ် ၂၉ ရက် ညနေ ၄ နာရီခွဲက ဆွမ်ပရာဘွမ်လမ်းမပေါ်တွင် တည်ဆောက်လျက်ရှိသည့် မဟိုမဏ္ဍပ်၌ ဒေသခံစီးပွားရေး လုပ်ငန်းရှင် များ၏ သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထို့သို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်သင်္ကြန်ပွဲတော် ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရာ မိမိတို့အနေဖြင့် အများပြည်သူများ အေးချမ်းလုံခြုံပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး အလေးထားဆောင်ရွက် ကြရေးနှင့် သင်္ကြန်ရေကစားမဏ္ဍပ်များကို စနစ်တကျနေရာချထား၍ အချိန်မီ တည်ဆောက်ပြီးစီးရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတွက် ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် သံလမ်းကူးနေရာမှ ဆမားလမ်းဆုံ ကျောက်စိမ်းတုံးနေရာ အထိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာများ၏ စုပေါင်းစတုဒီသာမဏ္ဍပ်များ တည် ဆောက်လျက်ရှိသည့်အခြေအနေများ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့များ၏ ရေကစားမဏ္ဍပ် များအား ဆမားလမ်းတွင် တည်ဆောက်သွားမည့်ကိစ္စရပ်များ၊ မဏ္ဍပ်များ အချိန်မီတည်ဆောက်ပြီး စီးရေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ရေပက်ခံထွက်သည့် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ ကတ်သလစ်အသင်းတော် ဘုရားကျောင်း၌ ဘုန်းတော်ကြီးများ၊ အသင်းတော်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အသင်းတော်ပိုင် မွေးမြူရေးခြံတွင် ဒေသနွားများ တိုးမြှင့်မွေးမြူနိုင်ရေး  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသွားမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးခြံများတွင် စိုက်ပျိုးနည်းပညာများ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေရရှိရေးတို့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။