ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ မဟာသင်္ကြန်အခါသမယ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၃၆၇)ဦးတို့အတွက် သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ မဟာသင်္ကြန်အခါသမယ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၃၆၇)ဦးတို့အတွက် သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     ဧပြီ ၅

          ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ ပိုမို တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၉ နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလ တွင် မြို့ကြီးများအလိုက် စီးပွားရေးနှင့် စက်မှု/ လက်မှုလုပ်ငန်းများ၊ အထပ်မြင့်အဆောက်အဦများ ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် မီးဘေးအပြင် အခြားသော သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်လာရသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ တစ်ဦး ချင်းအလိုက်၊ အဖွဲ့အလိုက် စွမ်းရည်ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ထို့အပြင် လူ၊ အထောက်အကူ ပြုယာဉ်/ စက်ပစ္စည်းများနှင့် နည်းပညာကို အခြေပြုသည့် ကဏ္ဍ(၃)ရပ်ကိုလည်း ဟန်ချက်ညီအောင် ကြိုတင်ပြင်ဆင်လေ့ကျင့်ကြရန်နှင့်အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်ထားရန်လည်းလိုအပ်ပါကြောင်း၊ ထို့ကြောင့် ကျစ်လစ်ခိုင်မာပြီး သွက်လက်ထက်မြက်သည့် တပ်ဖွဲ့ဝင်များဖြစ်လာစေရန် လေ့ကျင့်ရေး အဓိကကျသကဲ့သို့ စွမ်းရည်နှင့် စွမ်းအားပြည့်စုံပြီး စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုတို့ကို ပေါင်းစပ်ကျင့်သုံးလိုက်နာကာ ခိုင်မာသည့်အင်အားစုတစ်ခုဖြစ်လာရန်လည်း လိုအပ်ပါကြောင်း၊ သို့မှ သာ ပြည်သူများအား အလုပ်အကျွေးပြုနိုင်သည့် ပြည်သူလူထု ချစ်ခင်လေးစား အားကိုးယုံကြည်ရ သည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည် ဖြစ်ပါဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ရုံးအတွင်းရှိ Command and Control Center (C3)ခန်းမ၌ မြစ်ကြီးနားမြို့တွင် မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ ရှာဖွေသိရှိပြီး တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထား သည့် CCTV ကင်မရာများဖြင့် စောင့်ကြည့်နိုင်မှုအခြေအနေများ၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အား ချိတ်ဆက်ကွပ်ကဲဆောင်ရွက်နိုင်မှုအခြေအနေများကို ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ မီးသတ်ရုံးဝင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ အဖွဲ့လိုက် မီးငြှိမ်းသတ်ရေး ခြင်း၊ အဖွဲ့လိုက် မီးသတ်စက်ဖြင့် အထပ်မြင့်အဆောက်အဦအား မီးငြှိမ်းခြင်း၊ အဖွဲ့လိုက် Hydraulic Tools များအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ တစ်ဦးချင်း မီးသတ်ပိုက်လိပ်ဖြန့်ခြင်းနှင့် တစ်ဦးချင်း ရှာဖွေကယ်ဆယ်ခြင်း (Brave Heart) စွမ်းရည်စသည့်တို့ဖြင့် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၁၂)သိန်းကို ထောက်ပံ့ပေး အပ်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ (၂)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦစီးဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မြန်မာနှစ်သစ်ကူး အခါသမယတွင် ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မကြာမီနှစ်သစ်ကူးအခါ သမယ သင်္ကြန်ချိန်ခါရုံးပိတ်ရက်သို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ နေ့မ နား၊ ညမအား တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် အလုပ်ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် အနေ ဖြင့်သော်လည်းကောင်း၊ သင်္ကြန်ရုံးပိတ်ရက်များတွင် ဝန်ထမ်းမိသားစုများ၏ မီးဖိုဆောင်အသုံးစရိတ် ကို တစ်ထောင့်တစ်နေရာမှ သက်သာချောင်ချိမှုရရှိစေရန်အတွက်သော်လည်းကောင်း ယခုလို အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဝန်ထမ်းများအားလုံး ပျော်ရွှင်စည်းလုံးစွာဖြင့် နှစ်သစ်တွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ ကြောင်း ပြောကြားသည်။

          ယင်းနောက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရုံးအဖွဲ့၊ သတင်းနှင့်မှတ်တမ်းအဖွဲ့ နှင့် ဧရာဝတီဧည့်ရိပ်သာတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းစုစုပေါင်း (၃၆၇)ဦးတို့အတွက် တစ်ဦး လျှင် ဆန်(၆)ပြည်၊ ကြက်ဥ (၃၀)လုံး၊ စားသုံးဆီ၊ ကြက်သွန်နီ၊ ကုလားပဲ (၁)ပိဿာစီနှင့် သင်္ကြန် ထောက်ပံ့ငွေကျပ် ၁၀၀၀၀ စီ၊ သင်္ကြန်ဝတ်စုံများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၃၀၀၁၃၀၀၀(ကျပ်သိန်းသုံးရာတစ်သောင်းသုံးထောင်)ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။