ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ပန်းမြို့တော်စီမံကိန်းဖြင့် လမ်းဘေးဝဲ/ယာ အရိပ်ရအလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ပန်းမြို့တော်စီမံကိန်းဖြင့် လမ်းဘေးဝဲ/ယာ အရိပ်ရအလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာ ယာလှပပြီး စနစ်ကျနေလူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှ ပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိ ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၁ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဘူတာ ရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနား မီးရထားဘူတာဧရိယာနှင့် ဝန်ထမ်းအိမ်ရာများဝင်းများအတွင်း ကျူးကျော်နေအိမ်များအား ဖယ်ရှား ရှင်းလင်းပြီး သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူသိမ်း ဆည်းခြင်း၊ စက်ယန္တားယာဉ်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းလာရောက်သူသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် မုန့် နှင့်ရေသန့်ဘူးများကို ဝေငှပေးအပ်ခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့၊ အမှတ်(၁)တိုင်းတာဝန်ခံ ဦးကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ဘူတာရပ်ဝန်းဧရိယာအတွင်းရှိ အမြဲတမ်းဝန်ထမ်းနေအိမ်များနှင့် ဧရိယာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မီးရထားဘူတာရုံနှင့် မီးရထားဧရိယာသည် မြို့၏အဓိကနေရာ တွင် တည်ရှိသည့်အတွက် ဘူတာရပ်ဝန်းဧရိယာတစ်ခုလုံးအား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသော ဝန်ထမ်းအိမ်ရာများဖြင့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ မြစ်ကြီးနား-နန်းကွေ့ဘူတာအကြား မိုင်တိုင် ၇၂၀/၄-၅ နှင့် ဂိတ်အမှတ် ၈ ကြား မိုင်တိုင် ၇၁၄/ ၁၃-၁၅ ကြား မီးရထားသံလမ်းတစ်လျှောက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နှင့် စီတာပူ ရပ်ကွက်ချင်းဆက်လမ်းဖြစ်သည့် ဒူဝါဇော်ရစ်လမ်းမတစ်လျှောက် ဘေးဝဲ/ ယာတို့တွင် မြို့တော် မြစ်ကြီးနားမြို့အားပန်းမြို့တော်စီမံကိန်းဖြင့် သပြေဘူတပန်းပင်များနှင့် စက္ကူပန်းပင်များ စနစ်တကျ ကာရံစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း ဗလမင်းထင်သွားလမ်းတစ်လျှောက် လမ်း ဘေးဝဲ/ယာတို့တွင် ပန်းပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် စက်မှုဇုံရပ်ကွက်အတွင်း “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက်ပိုင် စက်ရုံအတွင်း တစ်ရှူးစက္ကူထုတ်လုပ်နေမှု၊ စွန့်ပစ်စက္ကူများအား ပျော့ဖတ် လိုင်းစက်ဖြင့် ကြိတ်ခွဲ၍ တစ်ဖက်ချောစက္ကူ၊ ကတ်ထူပုံးများ ထုတ်လုပ်ဆောင်ရွက်နေမှုနှင့် နှစ်ဘက် ချောစက္ကူစက်လည်ပတ်နိုင်ရေး တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စက်မှု ဇုံရပ်ကွက်အတွင်း လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပလာစေရေးနှင့် လမ်းနယ်ကျော်လွန်နေ သည့် ယာယီအဆောက်အအုံများ ဖယ်ရှားနိုင်ရေးအတွက်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ဆက်လက်၍ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ထွန်ယက်၍ ရေသွင်းဆောင်ရွက်ထားရှိမှု၊ စံပြစိုက်ကွက်ဧရိယာအတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်း အရှည်ပေ ၁၀၀၀ အား ပြန်လည်တူးဖော်ပြီး တူးမြောင်းဘေးဝဲ/ယာ မြေသားတာဘောင်ပေါ်တွင် စက္ကူပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ အဆိုပါ တူးဖော်ထားသည့် အင်ဂျန်းခချောင်း တစ်လျှောက် မိုးရာသီအတွင်း စနစ်တကျ ငါးမွေးမြူနိုင်ရေးနှင့် စံပြကွက်အတွင်း ကျူးကျော်၍ ခြံခတ် ထားရှိမှုများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။