ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ ဧက ၁၀၀ စိုက်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲ၊ ပေါင်ကမ်လား သမဝါယမအသင်းလီမိတက်၏ သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ ဧက ၁၀၀ စိုက်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲ၊ ပေါင်ကမ်လား သမဝါယမအသင်းလီမိတက်၏ သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲသို့ တက်ရောက်

ဝိုင်းမော်         ဇူလိုင် ၁၃

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု မဒိန်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖော်ထုတ်ပြီးစီးခဲ့သော စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၁၀၀ စိုက်ကွင်း အတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းပြည့်မီစေရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင် ရေး တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း စွမ်းရည်ပြိုင်ပွဲ ကို ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီက အဆိုပါ ဧက ၁၀၀ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

          ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုတိုးတက်မြှင့်မားလာစေရေးနှင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖြစ်ထွန်းလာစေရေး ပြည်နယ်၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စပါးစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက် နှုန်းရရှိရေး လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာပြီး ခေတ်မီ စိုက်ပျိုးနည်းပညာများကို အသုံးပြုတတ်လာစေရန် ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့်အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်က စက်မှုလယ် ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာ များ တပ်ဆင်အသုံးပြုနိုင်မှု ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်ရေးစသည့် ပြိုင်ပွဲကျင်းပပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုး‌မွေးမြူ ရေးအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများနှင့်အတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနှင့် ဟိုပင်အသင်းများက လယ်ယာမြေပေါ်တွင် သတ်မှတ်နေရာအလိုက် အထွက်တိုးမျိုးစပါး ဆင်းဧကရီ -၃ ပျိုးပင်များအား ကောက်စိုက်စက်များဖြင့် ယှဉ်ပြိုင်စိုက်ပျိုးမှုကို  ကြည့်ရှုအားပေးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကအမှတ်ပေးစည်းမျဉ်းနှင့်ညီ/မညီ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး ဆုရအသင်းများကို ကြေညာရာ ဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပထမ၊ ဒုတိယ၊တတိယနှင့်အထူးဆုအသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအားရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ထောက်ပံ့ငွေများကို ပေးအပ်ကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနများမှ ပြသထားသည့် စိုက်ပျိုးရေးပစ္စည်းများနှင့် တောင်သူအသိပညာပေး စိုက်ပျိုးနည်းပ ညာပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာ အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် သန်း(၁၀၀)မတည်ပေးမှုဖြင့် ဒေသခံ‌တောင်သူအစုအဖွဲ့ များ၏ ပေါင်ကမ်လား လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း သမဝါယမအသင်းပိုင် သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

          စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စက်ရုံအတွင်း စိုက်ပျိုးမွေးမြူ ရေး စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေသြဇာများထုတ်လုပ်ထားရှိမှု၊ မြေသြဇာတွင်ပါဝင်သော ပစ္စည်း များ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက်စက်ရုံဖွင့်ပွဲအခမ်းအနားကို ခါးရှိကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း (၁၀၀) မတည်ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာရရှိရေး၊ သဘာဝ မြေသြဇာကို အလေးထားသုံးစွဲနိုင်ရေးနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာဈေးနှုန်း မြှင့်မားမှုအပေါ် ဝန်ထုပ်ဝန်ပိုးလျှော့ချပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေသည့် သဘာဝမြေသြဇာ စက်ရုံကို ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင် ရေး၊ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ ဖြစ်လာစေရေး အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပေါင်ကမ်လား လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းသမဝါယမ အသင်းလီမိတက် အမှုဆောင်အဖွဲ့ဝင် ဦးဖန်ရှင်က သဘာဝမြေသြဇာစက်ရုံမှ မြေသြဇာအိတ်များ ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးမှုအပေါ်ရှင်းလင်းတင်ပြ ခဲ့သည်။

          ထို့နောက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အနှစ်သာရရှိရှိဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ကြိုတင်စီမံဆောင်ရွက်ကြရေး မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီဖွဲ့စည်းထားရှိမှု၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ အနော်ရထာလမ်းနှင့် ဈေးကြီးလမ်းဆုံမှ အမှတ်(၂)ရဲစခန်းမီးပွိုင့်အထိ မြို့သန့်ရှင်းသာယာလှပရေးနှင့် လူနေမှုပတ်ဝန်း ကျင်စနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက်  Kachin State Clean & Green (KCG) အဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ လမ်းဘေးဝဲ/ယာတစ် လျှောက် သစ်ပင်ကြီးများ ခုတ်ထွင်ပေးခြင်း၊ မြက်နှင့် ခြုံနွယ်များရှင်းပေးခြင်း၊ ပလတ်စတစ်အမှိုက် များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။