ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအပြင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရေး ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအပြင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရေး ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၆

          ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးချိန် တောင်သူများ၏ လိုအပ်ချက် များဖြည့်ဆည်းပေးနိုင်ရေးနှင့် မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ မြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ်၊ မြတောင်ကျေးရွာ အုပ်စုအတွင်း မြစ်ကြီးနား-မိုးကောင်းသွားလမ်းမဘေးရှိ မြတောင်ကွင်း၊ ကွင်းအမှတ် (၆၄)၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မြတောင်ကွင်းရှိ တောင်သူပေါင်း (၁၀၂) ဦး၏ စိုက်ပျိုးမြေစုစုပေါင်း (၅၂၂)ဧကအတွင်း မိုးစပါး၊ ဖူးစားပြောင်း၊ ပဲနှင့်အခြားသီးနှံများ စိုက်ပျိုး ထုတ်လုပ်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးအပြင် ဆောင်းသီးထပ်သီးနှံ အဖြစ် ဆီထွက်သီးနှံနေကြာနှင့် ပဲအမျိုးမျိုး စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး မှာကြားကာ တောင်သူများ၏ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ကုန်ထုတ်လမ်း ပြုပြင်ပေးနိုင်ရေး၊ ဆောင်းသီးနှံအတွက် လိုအပ်သည့် မြေသြဇာရရှိရေး တင်ပြမှုများအပေါ် စက်ရေ တွင်းများတူးဖော်၍ ပင်မမြောင်းများကြီးများမှတစ်ဆင့် ဆိုလာရွေ့လျားရေတင်စနစ်ဖြင့် စိုက်ခင်းများ အတွင်း ရေပေးဝေနိုင်ရေး၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများ အတွက် ယူရီယားဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ တောင်သူဦးမျိုးမျိုး၏ စိုက်ကွက်အတွင်း တောင်သူများ၏ မိုးစပါးစိုက်ပျိုးနေ မှုကို ကြည့်ရှုအားပေးကာ မြတောင်ကွင်းမှတစ်ဆင့် နန့်လှိုင် မိုးစပါးစိုက်ကွင်းများသို့ စိုက်ပျိုးရေလုံ လောက်စွာ စီးဆင်းနိုင်ရေး ကားလမ်းရေကျော်သည့်နေရာနှင့် ပင်မမြောင်းအား ပြန်လည်တူးဖော်ပေး နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်သာကျေးရွာအတွင်း နိုင်ငံ့စီး ပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ပိုင်ရှင်ဒေါ်မာမာဦး ၏ခြံ၌ ရန်ပုံငွေကျပ် (၅)သိန်းဖြင့် ဝက်မွေးမြူထားရှိမှု၊ ပိုင်ရှင်ဦးမောင်နှောင်း၏ ခြံ၌ ရန်ပုံငွေ (၇)သိန်း ဖြင့် ဝက်များမွေးမြူထားရှိမှု၊ ပိုင်ရှင်ဦးအောင်မျိုးထွန်း၏ ခြံ၌ ရန်ပုံငွေကျပ် (၁၀) သိန်းဖြင့် ဝက်များ မွေးမြူထားရှိမှု အခြေအနေများနှင့် ဝက်များရောင်းချ၍ စီးပွားဖြစ်ထွန်းမှု အခြေအနေများကိုလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက တောင်သူများအတွက် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ကျေးရွာကော်မတီ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အတွင်း ကွင်းအမှတ် (၈၅)အတွင်းရှိ တောင်သူ(၆၁)ဦးပိုင် စိုက်ဧက (၄၈၁)ဧကအတွင်း မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တောင်သူများ အတွက်ယူရီးယားဓာတ်မြေသြဇာအိတ်များကိုထောက်ပံ့ပေးအပ်ပြီး တောင်သူဦးကြည်ဆွေ၏လယ်၌ အစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်းအတွင်း တောင်သူများ၏ ဓာတ် မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျ ရောစပ်ကျဲပက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က တောင်သူများနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသက် အရွယ်အုပ်စုအလိုက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်း ကျောင်းဘင်ခရာတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပြီး ကျောင်းခန်းမ၌ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းအုပ်များ၊ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပသည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ဒုတိယရရှိခဲ့သဖြင့် ယခုပညာသင်နှစ်တွင် အဆင့်လျော့ကျမှုမရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆရာ/ ဆရာမ များအနေဖြင့် အနာဂတ်တွင် ပညာရည်ပြည့်ဝသော လူတော်လူကောင်းများမွေးထုတ်ပေးနိုင်ရေးအဓိ ကကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်း ပညာရေးဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေများနှင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲအတွက် အထောက်အကူပြုစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ကွက်အတွင်းရှိ ဘိုကြီး ဆန်စက်သို့သွားရောက်ပြီး ဆန်စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများ ကိုလည်းကောင်း၊ နောင်ကိုင်တော်ရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက် လမ်းဆုံနေရာ၌ သန့်ရှင်းသာယာ လှပရေး စည်ပင်သာယာရေးအဖွဲ့ဝင်များ၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေမြောင်း များ စနစ်တကျတူးဖော်ရေးနှင့် လမ်းတိုးချဲ့၍ ဈေးဆိုင်များ စနစ်တကျ နေရာချထားပေးနိုင်ရေး အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးကန်းရပ်ကွက်တွင်းရှိ မြို့နယ်သမဝါယမအသင်းစုပိုင် ဆီကြိတ်စက်ရုံ၌ စက်ရုံလည်ပတ်နေမှုအခြေအနေများ သမဝါယမအသင်းစုများနှင့် ချိတ်ဆက်၍ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ဖြန့်ဖြူးနိုင်မှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထိုမှတစ်ဆင့် နမ္မတီးမြို့သို့ ရောက်ရှိကာ မြို့မရပ်ကွက်အတွင်း နမ္မတီးမြို့တော်ခန်းမတည် ဆောက်ပြီးစီးမှုနှင့် ခန်းမအတွင်း စင်မြင့်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ရွှေဘို-မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ကားလမ်းရေကျော် တိုက်စားသွားမှုကြောင့် လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့တို့က ယာယီဘေလီတံတားတည်ဆောက်ပြီး ကားများဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပိုင်းအမြန်ဆုံးပြုပြင် ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွယ်ခေါကျေးရွာအုပ်စုအတွင်း ကား လမ်းမဘေးရှိ ပြည်နယ်အတွင်း ပထမဆုံးဖွင့်လှစ်ခဲ့သော Victory Garden အပန်းဖြေဥယျာဉ်နှင့် တိရစ္ဆာန်မွေးမြူရေးစခန်း၌ အပန်းဖြေဥယျာဉ်အတွင်း အလှသစ်ပင်ပန်းမံများစိုက်ပျိုးထားရှိမှု၊ စား သောက်ဆိုင်ခန်းများ၊ မနောကွင်းငယ်၊ ရိုးရာခန်းမဆောင်၊ ကလေးငယ်များအတွက် ကစားနိုင်သည့် အပန်းဖြေနေရာများ၊ ရေကူးကန်များနှင့် တိရစ္ဆာန်ဥယျာဉ်အတွင်း ဒေသတွင်းရှိ မျောက်မျိုးစိတ်များ၊ စပါးကြီးမြွေ၊ ဖြူးကောင်၊ သိမ်းငှက်၊ လင်းယုန်ငှက်နှင့် ငှက်မျိုးစိတ်များ၊ ဝက်ဝံ၊ သမင်၊ ကျား၊  မိချောင်းငယ်များ မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် (၇)နာရီခွဲက အပတ်စဉ်စနေနေ့ တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ စုပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ လေ့ကျင့်ရေးအလယ်ကျောင်းဝင်းအတွင်း စုပေါင်း သန့််ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။