ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံဝန်ထမ်းမိသားစုများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) များကောက်ယူခြင်း နှင့်‌ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံဝန်ထမ်းမိသားစုများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) များကောက်ယူခြင်း နှင့်‌ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၂၄

ကချင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်း လုပ်ငန်းကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြည်နယ်‌အထွေထွေအုပ်ချုပ်‌‌‌ရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပုံစံ-၁ (Biometric Enrollment Application Form) ကိုယ်ရေးအချက် အလက်များ ဖြည့်စွက်ရေးသွင်းပြီး၊ နိုင်-၄ တွင် ရိုက်သွင်းထားသည့် ကိုယ်ရေးအချက်အလက်များအား နိုင်ငံသားမှတ်ပုံတင်မှ  ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုင်စိစစ်ရိုက်သွင်းခြင်း စသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးနေမှုများနှင့် ဂဏန်း ၁၀ လုံးပါ Unique Identification Number(UID) နံပါတ် ထုတ်ပေးခြင်းတို့အား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းစဉ်များကြောင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေခြင်း၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာနိုင်ခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်ကို တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဝန်ဆောင်မှု လုပ်ငန်းများကို နည်းပညာကို အခြေပြု၍ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့်  နိုင်ငံနှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစသော ကဏ္ဍအသီးသီးတွင် စနစ်တကျ အကျိုး ရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့သည်။

အလားတူ နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေပြီး လူနေမှုစနစ် ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် Kachin State Clean & Green Team အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် ကမ်းနားလမ်းတွင် စုရပ်ပြုလုပ်၍ ရုံးကြီးလမ်းတစ်လျှောက်  သခင်နက်ဖေလမ်းအထိ သစ်ပင်ခြုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။