ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မြို့ပေါ်ရပ်ကွက်များအတွင်း သက်သာဈေးဖွင့်လှစ်ရောင်းချနေမှု၊ အေးမြသာယာအဆင့်မြင့်ဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်း နှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မြို့ပေါ်ရပ်ကွက်များအတွင်း သက်သာဈေးဖွင့်လှစ်ရောင်းချနေမှု၊ အေးမြသာယာအဆင့်မြင့်ဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်း နှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖေဖော်ဝါရီ ၁ ရက် နံနက် (၉)နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်း ဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ကုတင်-၅၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှေ့မှ ပြည်နယ်ရဲအကူတပ်ဖွဲ့ရုံး အထိ လမ်းဘေးဝဲ/ယာတို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများစုဖွဲ့၍ သတ် မှတ်နေရာအသီးသီး၌ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများ အလင်းဖွင့်ခုတ်ပေး ခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကြီးအောင်ရပ်ကွက်သို့ သွားရောက် ပြီး ရပ်ကွက်ဈေးအနီး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ စုဖွဲ့၍ ဒေသခံပြည်သူများအတွက် နေထိုင်စားသောက်မှု သက်သာချောင်ချိရေးအတွက် စီစဉ်ဖွင့်လှစ်ပေး သည့် အခွန်လွတ်သက်သာဈေးဖွင့်လှစ်ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက် နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြှင့်ဈေး ၌ ဈေးသူ/ ဈေးသားများနှင့် ရပ်ကွက်နေပြည်သူများအတွက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်နိုင်ရေးအတွက် ဂက်စ်အိုးမီးလောင်မှု၊ ဆီမီးလောင်မှု ဖြစ်စဉ်များတွင် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

          ဆက်လက်၍ ဈေးတာဝန်ရှိသူများနှင့်အတူ အဆင့်မြှင့်ဈေးအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ အဆင့်မြင့်ကိုယ်ကာယ လေ့ကျင့်ရေးအားကစားရုံ ဖွင့်လှစ်ထားရှိမှု အခြေ အနေများ၊ ဘက်စုံသုံးဟောခန်းမ၊ သက်မွေးပညာသင်တန်း ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများ၊ ဈေးအဆောက်အအုံအတွင်း ဒေသတွင်း လူငယ်၊ လူရွယ်များအတွက် တရုတ်ဘာသာစကား သင်ကြားပြီး ထိုင်ဝမ်သို့ ပညာတော်သင်သွားရောက်နိုင်မည့် အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် AMI Education Centre ၌ ပညာသင်ကြားနေသည့် သင်တန်းသား/သင်တန်းသူများကို အားပေးခဲ့ကြ သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မြစ်ကြီးနားဘူတာရုံရှေ့၌ မြန်မာ့မီးရထားဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများအတွက် ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ၊ ဆန်နှင့် အမဲသား၊ ဝက်သား၊ ငါးများ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မီးရထားဝန်ထမ်းများအတွက် အခြေခံစား သောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော် အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့်ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်သည့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ အကူအညီဖြင့် မြို့နယ်အတွင်းရှိ  သက်ကြီးဘိုးဘွားများနှင့် အသက်(၅၀) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု လုပ်ငန်းများ နှင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကွင်းဆင်း အဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ မင်းရပ်ပြည်သူ့အားကစားကွင်းအတွင်း ဈေးရောင်းပွဲတော်နှင့် ဒေသခံတိုင်းရင်း သားအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း အားကစားခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားများတွင် နေပြည်တော်သို့ ဖျော်ဖြေရေးအစီအစဉ်ဖြင့် သွားရောက်ကြမည့် ပြည်နယ် ကိုယ်စားပြုအကအဖွဲ့၏ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ ငွေများနှင့် တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။