ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်တွင်း လမ်းများ အဆင့်မြှင့်တင်‌ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်တွင်း လမ်းများ အဆင့်မြှင့်တင်‌ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၂၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ပြည်နယ်ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရပ်ကွက်တွင်းလမ်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။

          ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာရပ်ကွက်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒူဝါဇော်ရစ် လမ်းအရှည် ၂၅၃၀ ပေ၊ အကျယ် ၂၄ ပေရှိ အဆင့်မြှင့်နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် တပ်ကုန်းရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်အရ ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် တပ်ကုန်းနှစ်ခြင်းဘုရားကျောင်းအဝင်မှ ရပ်ကွက်တွင်းထိ အရှည် ၃၄၀၀ ရှိ ရပ်ကွက်တွင်းလမ်း ကွန်ကရစ်ခင်းလုပ်ငန်းနှင့်လမ်းပေါ်ရှိ ကွန်ကရစ်တံတား (၂)စင်းတည် ဆောက်ပြီးစီးမှုနှင့် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လမ်းများအရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ရေး၊ သတ်မှတ်ချိန်မီပြီးစီး အောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။