ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၂၅

          ကချင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေး ချီးမြှင့်သည်။

          ဘောလုံးပြိုင်ပွဲကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြိုင်ပွဲဝင် ကျောင်း သား/ ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် IT ပညာရှင်များဖြစ် လာစေရန် လိုအပ်သကဲ့သို့ ဘာသာရပ်အသီးသီးတွင် ဘက်စုံထူးချွန်ထက်မြက်သည့် ပညာရှင်များ ပေါ်ထွန်းလာစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ဘောလုံးပြိုင်ပွဲမှ တစ်ဆင့် တက္ကသိုလ်များပြိုင်ပွဲ၊ နိုင်ငံ့လက်ရွေးစင်အထိ ဖြစ်လာစေရန် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်းများဖြစ်သည့် UCSM (A) အသင်းနှင့် UCSM (B) အသင်းမှ အားကစားသမားများအား ဒုတိယပါမောက္ခချုပ်ဒေါက်တာ သန်းနိုင်စိုး၊ ဌာနမှူးများနှင့် အတူ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထို့နောက် ပြိုင်ပွဲဝင် UCSM (A) အသင်းနှင့် UCSM (B)  အသင်းတို့၏  ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးခဲ့ရာ ပယ်နသီအဆုံးအဖြတ်ဖြင့်  UCSM (A)အသင်းက အနိုင်ရဗိုလ်ဆွဲပြီး ဆုရအသင်းများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ဒုတိယပါမောက္ခချုပ်က ဒုတိယဆုရရှိသော အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို လည်းကောင်း ပြည်နယ်ဝန်ကြီးက ပထမဆုရရှိသော အသင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။