ကချင်ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမည့် စက်တင်ဘာသာအတွင်း ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမည့် စက်တင်ဘာသာအတွင်း ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၉

          ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ပြီး ဗဟိုအဆင့် ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီအဖွဲ့ဝင်များ၏ ပဉ္ဇမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မြို့နယ်များအဆင့်ပြိုင်ပွဲများမှ ရွေးချယ်စေလွှတ် သည့် ပြိုင်ပွဲဝင်များအတွက်  ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်နိုင် ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် များအား  စခန်းသွင်းလေ့ကျင့်ပေးသွားရေး၊ ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီး ဝိုင်းဝန်းဆွေးနွေး ကြရေး တိုက်တွန်းမှာကြားသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ မြို့နယ်သဘင်ပညာရှင်များက ပြည်နယ်အဆင့်ပွဲတော်ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်အသီး သီးမှ ပြိုင်ပွဲဝင်စာရင်း ရောက်ရှိမှုအခြေအနေများ၊ လာရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား နေရာချထားပေးနိုင်ရေး၊ ပြိုင်ပွဲအဆင့်/ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များဖြစ်သည့် ဒိုင်များ ခေါ်ယူထားရှိမှုအခြေအနေများ၊ ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားရေး၊ ဗဟိုအဆင့်ပြိုင်ပွဲဝင် ရွေးချယ် သတ်မှတ်သွားမည့် အစီအစဉ်များ၊  ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အုပ်ချုပ်ထောက်ပံ့မှု နှင့် ပံ့ပိုးကူညီဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။