ကချင်ပြည်နယ်၏ အထင်ကရ ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရေးကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်၏ အထင်ကရ ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၈

          ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ  ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းရာ မြစ်ဆုံနေရာသည် ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များလာ ရောက်အပန်းဖြေလည်ပတ်စရာနေရာတစ်ခုဖြစ်သောကြောင့် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအားအဆင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

           ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းခွဲမှ တစ်ဆင့် တန်ဖရဲရွာဘေး၌ မြေဧက၂၀ ပေါ်တွင် ကားရပ်နားရန်နေရာနှင့် မြစ်ကမ်းဘေးတွင် အပန်းဖြေနေရာအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည့်နေရာတို့အားလိုက်လံရှင်းလင်းပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် အပန်းဖြေစခန်း အဝင်လမ်းအား လမ်းသားတိုးချဲ့ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ အား မှာကြားခဲ့သည်။

          ယင်းနောက် မြစ်ဆုံအပန်းဖြေစခန်းနေရာ၌ ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ရှုခင်းအလှကြည့်ရန်နေရာများအပြင် ရိုးရာစားသောက်ဆိုင်များ၊ မလိခမြစ်နှင့် မေခမြစ်ကို ကောင်းကင်ကြိုးဖြင့် (Zip Line Adventure) အပျော်စီးဖြတ်သန်းနိုင်မည့် အစီအစဉ်များအပါအဝင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြစ်ဆုံအပန်းဖြေစခန်းနေရာတွင် ဆိုင်ခန်းများ နေရာချထားပေးမည့်အခြေအနေများ၊ မြစ်ကမ်းထိန်းကျောက်စီနံရံတည်ဆောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အပန်းဖြေစခန်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဒေသခံများ အကျိုးစီးပွားထိခိုက်မှုမရှိစေရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြင်ဆင်ဆောင်ရွက်သွားရေး နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီမြစ်ဆုံ အဆင့်မြှင့်တင်ဆောင်ရွက်သွား မည့် နေရာများနှင့် မြစ်ဆုံအလှရှုခင်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လာရောက်လည်ပတ် ကြသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံကာ မြစ်ဆုံနေရာရှိ မလိခနှင့်ဖုန်မိုင်ခမြစ်ဆုံ သမိုင်းကျောက်တိုင်နှင့် မြစ်ဆုံနေရာရှိ ရိပ်သာပျက်စီးယိုယွင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ မြစ်ဆုံအပန်းဖြေစခန်းကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားကွင်း၊ အပျော်စီးအမြန်ရေယာဉ်များဖြင့် မြစ်ကြောင်းတစ်လျှောက် ဖြတ်သန်းကြည့်ရှုနိုင်မည့် အစီအစဉ်များ၊ Wadding Garden အပါအဝင် မြစ်ဆုံ ကျောက်ဖြင့် အလှဆင်ခြင်းလုပ်ငန်း လက်တွေ့ပြသသည့် အစီအစဉ်များနှင့် အပျော်ရွှေကျင်ခြင်း အစီ အစဉ်များကို ရေတိုစီမံကိန်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်စီမံကိန်းအတွက် မီးပုံးပျံစီးနိုင် မည့် အစီအစဉ်များ၊ မေခနှင့်မလိခမြစ်ကို မှန်တံတားဖြင့် ဖြတ်ကူးနိုင်မည့် အစီအစဉ်များကို ဆောင်ရွက် သွားမည်ဖြစ်ရာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ အပတ်စဉ်စနေနေ့တိုင်း မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေးအတွက် အခြေခံပညာကျောင်းများ၊ အများပြည်သူအနားယူရာ နေရာများ၊ ဘာသာရေးအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်း၍ မြစ်ကြီးနားမြို့ အံ့တော်ရှင် ဘုရားဝင်းအတွင်းနှင့်အပြင်တို့၌ လည်းကောင်း၊ ဆုတောင်းပြည့်ဘုရားပုရဝုဏ်၌ လည်းကောင်း၊ မြစ်ကြီး နားယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ လည်းကောင်း အမှိုက်များကောက်ယူသိမ်းဆည်းခြင်း၊ သစ်ပင်ခြုံ နွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြပြီး သန့်ရှင်းရေးစုပေါင်းဆောင်ရွက်သူများအား နံနက်စာ မုန့်နှင့် ရေသန့်ဘူးများကို လိုက်လံဝေငှ ကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။