ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အထေွထွေအုပ်ချုပ်‌ရေးဦးစီးဌာနများမှ အရာထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အထေွထွေအုပ်ချုပ်‌ရေးဦးစီးဌာနများမှ အရာထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၂

            ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြင့်မားစေရန် ရည်ရွယ်၍ ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသော အလုပ်ရုံဆေွးနွေး ပွဲကို မတ် ၁ ရက် နံနက် ၈ နာရီက ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

            အလုပ်ရုံဆေွးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ‘နိုင်ငံလူဦးရေ စာရင်းအရ လူဦးရေ ၅၂ % မှာ အမျိုးသမီးများ ဖြစ်သည့်အတွက် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုပြုလုပ် ခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ချမှတ်ထားသော မူဝါဒများနှင့် အညီ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်(၆)မြို့နယ်အား ပထမအကြိမ်အဖြစ်  ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများဘဝမြှင့်တင်ပေးခြင်းသည် မိသားစုဘဝကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည့်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်ရန်အထူး လိုအပ်သကဲ့သို့  လုပ်‌ဆောင်ရမည့် အပိုင်းများကိုလည်း ပီပြင်အောင် တက်တက်ကြွကြွပါဝင်လုပ် ဆောင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကချင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့  လူမှုရေးရာ ဝန်ကြီး ဉီးဝင်းရဲထွန်းက အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် မူဝါဒလမ်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ INGOs/NGOs အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

            ယင်းနောက် နံနက်၁၀နာရီတွင်  ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် အထေွထွေအုပ်ချုပ်‌ရေးဦးစီးဌာနများမှ အရာထမ်းများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

            လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများသည် နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် ဦးဆောင်ထမ်းဆောင် ကြသူများဖြစ်သည့်အတွက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် လုပ်ငန်းတာဝန်များကို နားလည်အောင်လိုအပ်သကဲ့သို့ ဌာန၏ စည်းမျဉ်းစည်းကမ်းနှင့် ဝန်ထမ်း များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကိုလည်း ကျေပွန်အောင် တတ်သိနားလည်ထားရမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိရာထူးနှင့် ပေးအပ်ထားသောတာဝန်များကို ကျေပွန်အောင် အလေး အနက်ထား ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော်ရာတွင်လည်း ကြိုးစားထမ်းဆောင်ကြရန်လိုကြောင်း၊ ယနေ့ မိမိတို့ပြည်နယ် အနေဖြင့် အခြေအနေတစ်ခုထိ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင်တိုးတက်အောင် ဆောင်ရွက်နိုင် သော်လည်း ယခုထက် ပိုမိုကောင်းမွန်သည့် နောက်တစ်ဆင့်အတွက် ဆက်လက်ကြိုးပမ်းဆောင် ရွက်ကြရန် အားပေးလိုပါကြောင်းနှင့် အထူးသဖြင့် ခရိုင်နှင့် မြို့နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေ အောင်မြင်အောင် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင် ရွက်သွားရမည့် နည်းလမ်းများ/ လုပ်ထုံးလုပ်နည်းများကို အသီးသီးရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများက ခရိုင်အလိုက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ လူဦးရေ နှင့်အိမ်ထောင်စုစာရင်း ကောက်ယူမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လက်ခံရရှိ မှုနှင့် လုပ်ငန်းစီမံကိန်းကြီးကြပ်မှုကော်မတီများထံ လွှဲပြောင်းဆောင်ရွက်ခဲ့မှုများ၊ နေရပ်စွန့်ခွာ စခန်းနေပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များ၊ မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြမှုများအပေါ် အကြံပြုသုံးသပ် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

            အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန်အတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉)နှင့် နယ်မြေ (၁၀) အတွင်း မြေထိန်းနံရံ တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်း‌ဆောင်၌ ကျောက်စီမြေထိန်း နံရံ စုစုပေါင်း အရှည်ပေ (၃၁၈၈) ပေကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင်ဆောင်ရွက်ရေး၊ ခိုင်ခံ မှုရှိစေရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောက်စီမြေထိန်းနံရံ တည်ဆောက်‌‌‌နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။