ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်(၁၂၃)ဦး၊ ပြိုင်ပွဲအမျိုးအစား(၄၀)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်

 ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်(၁၂၃)ဦး၊ ပြိုင်ပွဲအမျိုးအစား(၄၀)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်

မြစ်ကြီးနား     စက်တင်ဘာ ၁၂

          ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ယခုလို မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပနေခြင်းသည် မိမိတို့ တိုင်းရင်းသား ယဉ်ကျေးမှုများကို အဓိပ္ပါယ်ရှိ စွာ၊ ရည်ရွယ်ချက်မြင့်မားစွာထားရှိ ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည် ကို အားလုံးက အလေးအနက်ထားခံယူကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲသည် တစ်ဖက်ကကြည့် လျှင်အနုပညာရပ်ဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်သလို တစ်ဖက်ကရှုမြင်လျှင်လည်း တိုင်းရင်းသားယဉ်ကျေး မှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ် အနုပညာရှင် မောင်နှမများ ပေါင်းကူး ချစ်ကြည်ရင်းနှီးသည့်ပွဲ၊ တစ်နည်းအားဖြင့် တိုင်းရင်းသား ညီအစ်ကိုများ ယဉ်ကျေးမှု ပေါင်းစည်းသည့် ပွဲလို့လည်း လေးနက်သည့် အဓိပ္ပါယ်သက်ရောက်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့မှုများ နှင့် ဗဟိုအဆင့် ပြိုင်ပွဲတွင် အဆင့်အတန်းမီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲမှ ပထမဆုရရှိသူများကို ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် စခန်းသွင်းလေ့ကျင့်သွားနိုင်‌ရေး စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ အကဲဖြတ်အမှတ်ပေး ဒိုင်အဖွဲ့ဝင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအဖွဲ့ဝင်များက အခြေခံပညာအဆင့် အသက်(၁၀ နှစ်မှ ၁၅နှစ်) အမျိုးသားအကပြိုင်ပွဲ ယှဉ်ပြိုင်မှုကို အားပေးကြည့်ရှုခဲ့ကြသည်။

          အဆိုပါ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြို့နယ်ပေါင်း (၉)မြို့နယ်မှ ပြိုင်ပွဲဝင်ပေါင်း (၁၂၃)ဦးတို့က အသက်အုပ်စုအလိုက်   ပြိုင်ပွဲ အမျိုးအစားပေါင်း (၄၀)မျိုးအပြင် မွန်တိုင်းရင်းသားအက၊ လာချိဒ်တိုင်းရင်းသားရိုးရာကျေးလက် အကတို့ဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာ (၁၄)ရက်နေ့တွင် ဆုများထိုက် ထိုက်တန်တန်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲမှ ပထမဆုရရှိသူများ ကိုလည်း ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စက်တင်ဘာ ၂၅ ရက်နေ့မှစတင်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ် ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရှိရသည်။