တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်တွေ့ဆုံ ကောက်သစ်စားခြင်း အခမ်းအနားကျင်းပ

 တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲနှင့်  ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်တွေ့ဆုံ ကောက်သစ်စားခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ ၁၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး  Jeng Phang နော်တောင်နှင့် ပြည်ထောင် စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦအား ဖွင့်လှစ်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျပ်သန်းပေါင်း ၃၈၇.၉၈ သန်း ကုန်ကျခံ ဆောက်လုပ်ခဲ့သည့် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ၊ သံကူကွန်ကရစ် အဆောက်အဦးသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးJeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးတို့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ကောင်စီအဖွဲ့ဝင် ဦးJeng Phang နော်တောင်၊ တိုင်းရင်းသားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးစောထွန်းအောင်မြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ရုံးသစ်ဆိုင်းဘုတ်ကို ဖန်လုံးစက် ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ အမွှေးနံ့သာရည်များ ပျက်ဖြန်းပေးကြသည်။

ထို့နောက် ရုံးသစ်အဆောက်အဦအတွင်း ခင်းကျင်းပသထားသည့် ဦးစီးဌာနများမှ ထုတ်ဝေ ထားသည့် တိုင်းရင်းသားစာပေဖြင့် စာအုပ်စာ‌စောင်များ၊ တိုင်းရင်းသားများအခွင့်အရေးအတွက် ပြဌာန်းထားသည့် ဥပဒေစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရုံးဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးJeng Phang နော်တောင်နှင့် ပြည်ထောင်စုဝန်ကြီးတို့ကလမ်းညွှန်အမှာစကားပြောကြားကြကာ ပြည်ထောင်စုဝန်ကြီးကရုံးသစ် ဖွင့်ပွဲအထိမ်းအမှတ်အလံများ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့်တိုင်းမှူးတို့ထံ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည် နယ်အတွင်းရှိ ကချင် (၆)မျိုး၊ ရှမ်း (၅)မျိုးနှင့် ဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ နှုတ်ခွန်းဆက်အမှာစကားကို အသီးသီးပြောကြားခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအ တွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြရာ တိုင်းရင်းသားစာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအသင်းအဖွဲ့များနှင့်အတူ မနောအိမ်တော်ရှေ့နှင့် မနောကွင်းအတွင်း အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မဂျွယ်ခန်းမ၌ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့်အတူ ကောက်သစ်စားခြင်း အခမ်းအနားသို့ တက်ရောက်ပြီး နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးလေ့ ကျင့်ရေးဦးစီးဌာန၊ အမှတ် ၁နှင့် ၂ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မြစ်ကြီးနား)မှ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ပြီး တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းကျောင်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၂)ခု၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်က လမ်းညွှန်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဝန်ထမ်း များနှင့် ကျောင်သား/သူများအတွက် ထောက်ပံ့ငွေများ၊ ‌ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းဝင်းအတွင်း ကျောင်းသား/သူများ၏ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေးပစ္စည်းများဖြင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ စားရိပ်သာအဆောင်တွင် အစားအသောက်အတွက် ပြင်ဆင်ကျွေးမွေးနိုင်မှုအခြေအနေများ၊ အိပ်ဆောင်များနှင့် ကျောင်းစာ ကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးအားပေးခဲ့ကြ သည်။