ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ကချင်ပြည်နယ်အတွင်းမှ တပ်ဖွဲ့/ ဦးစီးဌာန၏ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပပြုလုပ်

 ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ကချင်ပြည်နယ်အတွင်းမှ တပ်ဖွဲ့/ ဦးစီးဌာန၏ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၈

          ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ကချင်ပြည်နယ်အတွင်းမှ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ အခမ်းအနားကို ဇူလိုင် ၈ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဗုဒ္ဓ မြတ်စွာဘုရား၏ တရားဦးလဲဖြစ်သည့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်း အားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ မိသားစုအချင်းချင်းတွင် လည်း ကောင်း၊ ပတ်ဝန်းကျင်ရှိလူများနှင့်လည်းကောင်း၊ ရင်းနှီးမှု၊ ယုံကြည်မှု၊ တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီ မှု၊ ညီညွတ်မှုများကို ဖြစ်ပေါ်စေကြောင်း၊ ယခုလိုပြိုင်ပွဲကျင်းပခြင်း၊ ရွတ်ဆိုပူဇော်ရခြင်းသည် များစွာ လေးစားဂုဏ်ယူဖွယ်ရာဖြစ်သည့်အပြင် ကာယအား၊ ဉာဏအား၊ သက်ဝင်ယုံကြည်မှု သဒ္ဒါတရား အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း အားပေးပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်မိသားစုများ၏ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော် ယှဉ်ပြိုင်မှုအခြေအနေကို ကြည့်ရှုအားပေး ကြည်ညိုသဒ္ဒါပွားခဲ့ကြခဲ့ကာ အဆိုပါ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်တပ်ဖွဲ့တို့က အလှည့်ကျ ရွတ်ဆိုပူဇော်၍ ပြိုင်ပွဲ ဝင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအပြီး ညနေပိုင်းတွင် ဆုရရှိသည့် အသင်းများအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။