မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

 မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

မြစ်ကြီးနား     ဧပြီ ၁၆

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက် နေ့ ဧပြီ ၁၆ ရက်တွင် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် တို့တွင် ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

          မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများ၊ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့်ဖျော်ဖြေတင်ဆက် လျက်ရှိရာ သင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာကခုန်ရေကစားမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု အားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေလျက်ရှိရာ သင်္ကြန်ချစ်သူများ၊ ရေပက်ကစားသူများနှင့် အထူး စည်ကားလျက်ရှိကြောင်း သိရှိရသည်။