မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့်အတူ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

 မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့်အတူ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     မတ် ၂၈

          ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့်အတူ ပြည်နယ်အစိုးရ အဖွဲ့၏ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မတ် ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် တွင် ကျရောက်မည့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့အစိုးရ အဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုပွဲတော်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်အစုအဖွဲ့များအနေဖြင့်လည်း မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာတို့၏ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကိုအနှစ်သာရရှိစွာ ကျင်းပပြုလုပ်နိုင်ရေး အားလုံးက ဝိုင်းဝန်း ပေါင်းစပ်ဆွေးနွေးသွား ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့‌နောက် တက်ရောက်လာကြသည့် မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး၊ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်/ ရေကစား မဏ္ဍပ် (၇)ခုထပ်တိုးတည်ဆောက်နိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြ ပြီး လုပ်ငန်းဆပ်ကော်မတီအလိုက် မဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေ များ၊ ဘဏ္ဍာငွေသုံးစွဲ ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

          ဆွေးနွေးအကြံပြုချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်စည်ကားသိုက် မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ရာတွင် ပြည်သူများ အေးချမ်းလုံခြုံပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ရေး မဖြစ်မနေဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၂၇ ရက်နေ့ ညနေပိုင်းက နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ လွယ်ခေါကျေးရွာအနီး စိမ်းမြဧရာရာဘာထုတ်လုပ်ရေးသမဝါယမ အသင်းမှ ဦးအောင်ရွှေ၏ ရာဘာခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၁၀၀၀ မတည်ငွေဖြင့် အဆင့်မြှင့်ရာဘာပြားများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရာဘာကြိတ်စက်နှင့် ပေါင်းခံစက်များ တပ်ဆင်ဆောင်ရွက်နိုင်ရေး ကနဦးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့် လည် ကြည့်ရှုစစ်ဆေးပြီး ရာဘာစီးအထွက်နှုန်းအခြေအနေနှင့် စက်များတပ်ဆင်ပြီးပါက ရာဘာပြား တိုးမြှင့်ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ ရာဘာထုတ်ကုန်များ ဈေးကွက်တင်ပို့သွားမည့် အစီ အစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့်   လျှပ်စစ်မီးရရှိရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။