မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

 မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၇

          ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများ သန့်ရှင်းသာယာလှပမှုရှိစေရေး အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုများ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီက အခြေခံပညာကျောင်း များ၌ သန့်ရှင်း‌ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က မြစ်ကြီးနားမြို့ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် လက်အောက်ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများက အမှိုက်များကောက်ယူစွန့်ပစ်ခြင်း၊ ရေမြောင်းများ ဆယ်ယူရှင်းလင်းပေးခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။