မြစ်ကြီးနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အငြိမ်းစားသက်ကြီး ဆရာ/ဆရာမကြီးများအား ၁၉၆၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းမှ ကျောင်းသား/ ကျောင်းသူဟောင်း များက ဆဌမအကြိမ် အာစရိယပူဇော်ပွဲကျင်းပဂါဝရပြု

 မြစ်ကြီးနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အငြိမ်းစားသက်ကြီး ဆရာ/ဆရာမကြီးများအား ၁၉၆၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းမှ ကျောင်းသား/ ကျောင်းသူဟောင်း များက ဆဌမအကြိမ် အာစရိယပူဇော်ပွဲကျင်းပဂါဝရပြု

မြစ်ကြီးနား     ဧပြီ ၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ၁၉၆၈ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ တက်ရောက်ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်းများ၏ ဆဋ္ဌမအကြိမ်မြောက် အငြိမ်းစားသက်ကြီးဆရာ/ဆရာမကြီးများအား အာစရိယပူဇော်ပွဲ အခမ်းအနား ကို ဧပြီ ၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ ကျောင်းသားဟောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ အသက်(၇၀)နှစ် နှင့်အထက် ဆရာကြီး/ ဆရာမကြီးများနှင့် အသက် (၇၀)နှစ်အောက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန့်တော့ခဲ့ကြပြီး ကျောင်းသားဟောင်းများက မြတ်ဆရာသီချင်းဖြင့် ဂါဝရပြုသီဆိုဖျော်ဖြေခဲ့ ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကျောင်းသားဟောင်းများက ဆရာကြီး/ ဆရာမကြီးများအား ဂါဝရပြုလက်ဆောင်နှင့် ကန်တော့ငွေ များကို တစ်ဦးချင်း ဂါဝရပြုပေးအပ်ခဲ့ကြရာ ဆရာမကြီးဒေါ်ဂျာနန်က သြဝါဒစကားနှင့် ဆုတောင်း မေတ္တာပို့သပေးပြီး ပြည်နယ်ဝန်ကြီးက ကျောင်းသားဟောင်းများကိုယ်စား ဆရာ/ ဆရာမများအား ဂါဝရပြု နှုတ်ခွန်းဆက်စကားပြောကြားကာ ကျောင်းအတွက် ရေသန့်ဆောင်တည်ဆောက်နိုင်ရေး အလှူငွေကျပ် ၂၆ သိန်းနှင့် ကျောင်းသားဟောင်းများက ဆရာကြီး/ ဆရာမကြီးများအတွက် ကျန်းမာရေးငွေပဿပင်အဖြစ် အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းမှုကို တာဝန်ရှိသူများနှင့် လက်ခံရယူခဲ့သည်။

          ယင်းနောက် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးက ဆဋ္ဌမအကြိမ်မြောက်အာစရိယ ပူဇော်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ကန်တော့ခံဆရာ/ဆရာမများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြွေးမွေးခဲ့ကြကြောင်း သိရှိရသည်။