မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

 မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၈

          ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက အမှတ်(၉) အခြေခံအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ပြီး စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အခမ်းအနားတွင် အမှတ်(၉)အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ဝ ထ က လ ဿ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၊ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချူပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

          ယင်းနောက် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသပြီး ပြည်နယ်ဝန်ကြီးက အခမ်း အနားအထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများက လူတိုင်းအတွက် ပညာ‌ရေး သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အခြေခံပညာကျောင်းအုပ်များနှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။