(၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀) ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်

 (၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀) ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်

မြစ်ကြီးနား     စက်တင်ဘာ ၈

          (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင် ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀)ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းအစည်းအဝေးမှ သိရှိရသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင် ဘာ ၁၂ ရက်နေ့တွင် ပြိုင်ပွဲဝင် ၁၃၀ ဦးကျော်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်များမှ ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး၊ ဗဟိုအဆင့် ပြိုင်ပွဲတွင် အမှန်တကယ်အရည်အချင်းပြည့်မီသည့် ပြိုင်ပွဲဝင်များ ရွေးချယ်စေလွှတ်နိုင်ရေး ဆပ်ကော်မတီ အသီးသီးက လုပ်ငန်းတာဝန်များအလိုက် ကျေပွန်စွာဆောင်ကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်း ဆွေးနွေးကြရေး တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီး သီးမှ ဌာနဆိုင်ရာများက ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်များမှ ပြိုင်ပွဲဝင်များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေး ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဘာသာရပ် အလိုက် ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်သွားမည့် ကိစ္စရပ်များ၊ ပွဲစဉ်ဇယားနှင့် ကျင်းပသွားမည့် အသေးစိတ်အစဉ်အမံများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များအပေါ် ဆပ်ကော်မတီအချင်းချင်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။