ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများ စီအင်ကျေးရွာသစ်တွင် ပြောင်းရွေ့နေထိုင်နိုင်ရေး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများ စီအင်ကျေးရွာသစ်တွင် ပြောင်းရွေ့နေထိုင်နိုင်ရေး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်

ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေးနှင့် ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြသည်။

          ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

          ထို့သို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် မြှင့်လာစေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့်ထိ ကော်မတီများကို ဖွဲ့စည်းပြီး ရန်ပုံငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် မတည်အပ်နှင်းပေးလျက်ရှိပါကြောင်း၊ ယနေ့ မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်ကြမည့် ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားလာသည်နှင့်အမျှ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ပြည်နယ်၏ စီးပွားတိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက် တွန်းပြောကြားသည်။

          ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော မြို့နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင် မောင်က မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဝင် ကျေးရွာများ ရွေးချယ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၃၉၀၀ ဖြင့် စိုက်ပျိုးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ ၅ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၁ ရွာ၊ သမဝါယမအသင်းစုလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၂ ရွာ၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက် မည့် ကျေးရွာ ၁ ရွာနှင့် MSME လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်ရှိသည့် ကုန်ထုတ်လမ်း၊တံတား နှင့် လျှပ်စစ်မီးလုံလောက်မှုရှိစေရေး စသည်တို့ကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြမည့် တောင်သူများ အတွက် တိရိစ္ဆာန်‌ ကူးဆက်ရောဂါကာကွယ်ဆေးများ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး  တောင် သူများ၏ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်၊ မံပုံကျေးရွာအုပ်စု၊ အောင်မြေကျေးရွာ၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးအားချွန်၏ ဘက်စုံမွေးမြးရေးခြံသို့ သွားရောက်ပြီး စီးပွားဖြစ်ဝက်များ စနစ်တကျမွေးမြူထားရှိမှု၊ ဝက်စာထုတ်လုပ်မှုနှင့် ငါးခူများ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ် နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရန်ပုံငွေ တိုးမြှင့်ထုတ်ချေးပေးနိုင်ရေးနှင့် ဌာနဆိုင်ရာများ နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း ၅ ခုမှ အိမ်ထောင်စု ၂၀၀ ကျော်အား ပြန်လည်နေရာချထားပေးမည့် စီအင်ကျေးရွာအတွင်းရှိ မြေဧက ၅၀ နီးပါးခန့်တွင် စီအင်ရွာသစ်အဖြစ် ရွေ့ပြောင်းအခြေချနေထိုင်ကြမည့် အိမ်ထောင်စုများနှင့် အဆိုပါ ရွာသစ်၌ သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာယာယီစခန်းနေ ပြည်သူများ အား ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အဖွဲ့အစည်းအသီးသီးအပြင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရေး၊ နေထိုင်ရေးအတွက် ဘဝရပ်တည်နိုင်ရေးအတွက် အသက် မွေးပညာများကိုလည်း သတ်မှတ်အဆင့်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အစီအမံများ ကို ရှင်းလင်းပြောကြားသည်။           ဆက်လက်၍ စီအင်ရွာသစ်တွင် ရွေ့ပြောင်းနေထိုင်ကြမည့် IDPs စခန်း ၅ ခုမှ စခန်းတာဝန်ခံ များက ပြောင်းရွေ့နေထိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွာသစ်အထိ ဆောင်ရွက်ပေးထားသည့် ကွန်ကရစ်လမ်း ၁ မိုင် ၆ ဖာလုံအပြင် ရွာတွင်း လမ်းအား ဆက်လက်ခင်းကျင်းပေးနိုင်ရေးနှင့် သောက်သုံးရေ လုံလောက် မှုရှိစေရေး စက်ရေတွင်များ ဆက်လက်တူးဖော်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး၊ မြေယာ ပိုင်ဆိုင်မှုရရှိရေးစသည့်ကိစ္စရပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွေ့ပြောင်းနေထိုင်ကြမည့် IDPs စခန်း ၅ ခုမှ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းနှင့် ဆန်အိတ် ၅၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။