ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၀၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၀၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂၉

          ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၁၇)ခုမှ အိမ်ထောင်စု (၂၁၂၅)စု၊ လူဦးရေ (၁၁၄၃၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC  စခန်း၌ သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့သည်။

          ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါ အတွင်း နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ခက်ခဲမှု ပိုမိုကြုံတွေ့နိုင်သည်ကို မိမိတို့အနေဖြင့် နားလည်ထားပါကြောင်း၊ ထို့ကြောင့် ထောက်ပံ့မှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ပိုမိုထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအတိုင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာ က ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များထောက် ပံ့ပေးအပ်ခဲ့မှုအခြေအနေများနှင့် ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည် နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းမော်မြို့နယ်အတွင်းရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မိုင်းနားမူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ သာဂရလီဆူ၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနားကတ်သလစ်၊ မိုင်းနားအေဂျီ၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ စင်ကြိုင်၊ အမှတ် (၁) လော်ဝေါ်နှစ်ခြင်းဇုံနယ်၊ စန်းကား၊ ဆဒုံး၊ မုတ်လွှဲ(ခါးရှိ) စသည့်စခန်းပေါင်း (၁၇) ခုမှ အိမ်ထောင်စု ပေါင်း ၂၁၂၅ စု၊ လူဦး‌ရေ ၁၁၄၃၈ ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၆၈၇၅၀ ကျပ်တန်ဖိုးရှိ ဆန် (၃၅၇၄)အိတ် (၉)ပြည်နှင့် ဆီ (၄၂၅၀)ပိဿာ၊ ဆား ၂၁၂၅ ပိဿာ၊ ကုလားပဲ ၄၂၅၀ ပိဿာကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာစခန်းတာဝန်ခံများက လက်ခံရယူခဲ့ကြပြီး စခန်း တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်အတူ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်း နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိ ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် စတင်နိုင်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းနိုင်ရေး အတွက် ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒေါက်တာမျိုးထွန်း၊ ကန်ပိုက်တီမြို့အုပ်ချုပ်ရေးမှူး၊ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် သီးနှံထုတ်လုပ်သူများအသင်း တို့မှ တာဝန်ရှိသူများနှင့် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် ကုန်တင်ယာဉ်စစ်ဆေး‌ဆောင် ရွက်မှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ ရပ်များ၊ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးလုပ်ငန်းတွင် ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီနယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်များအပါအဝင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများအားလုံးကို အမြန်ဆုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စ ရပ်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။