ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၇

          ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလင်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဇူလိုင် ရ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုစီမံကိန်းသည် ကျေးလက် နေမိသားစုများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး အတွက် သင်တန်းပေါင်း ၁၅၅ မျိုးကို တိုးချဲ့ဖွင့်လှစ်၍ အတတ်ပညာများ သင်ကြားပေးသွားမည်ဖြစ် ပါကြောင်း၊ ထို့အပြင် လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော အရင်းအနှီးပစ္စည်းများကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းထူထောင်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန် ပစ္စည်းများကိုလည်း စနစ်တကျလုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဈေးကွက်ရှာဖွေချိတ်ဆက်ပေးသွားမည် ဖြစ်သည့်အတွက် အသေးစားလုပ်ငန်းရှင်များစွာပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ပုဂ္ဂလိကအသေး စားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်အသေးစားနှင့်စက်မှုလုပ်ငန်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဦးမောင်မောင်စိုး က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လက်စွဲစာစောင်ပါ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များသတ်မှတ်ဆောင်ရွက်သွားမည့်အစီအမံများ၊ စီမံကိန်းနယ်မြေ၊ဒေသ၊ကျေးရွာ များရွေးချယ်အတည်ပြုသည့် လုပ်ငန်းစဉ်များ၊ ဒေသနှင့်ကိုက်ညီသည့် စီမံကိန်းလုပ်ငန်းများ ရွေးချယ် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက် လာသည့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒေသထွက်အသီးအနှံ အစားအသောက် ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ထုတ်ပိုးမှုပုံစံစနစ်တကျဖြင့် ဈေးကွက်ဝင်ပစ္စည်းများဖြစ်ပေါ် လာရန် ဦးစားပေးအားပေးဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရမည့် ပြည်နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။