ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးလွှမ်းခြုံထိုးနှံမှု ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးလွှမ်းခြုံထိုးနှံမှု ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၈

          ကချင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများ အပါအဝင် ကာကွယ်ဆေးလွှမ်းခြုံထိုးနှံမှု ရာနှုန်းပြည့် ပြည့်မီအောင် ထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်ကော်မတီ ဥက္ကဋ္ဌများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ယနေ့ ဖြစ်ပွားနေသည့် အိုမီခရွန်ဗိုင်းရပ်သည် လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ အားလုံးကို ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကို မြေပြင်အခြေအနေအပေါ်သုံးသပ်ပြီး ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့၍ သတ်မှတ်ကာလအတွင်း လက်တွေ့ကျကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေမှန်များနှင့်လိုအပ်သည့် အသုံးစရိတ်ကုန်ကျမှုကို စာရင်းဇယား တိကျမှန်ကန်မှုရှိစေရေး စိစစ်တွက်ချက် တင်ပြသွား ရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး များက ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေများ၊ ကာ ကွယ်ထိန်းချုပ်အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ဆက်လက်ထိုးနှံဆောင်ရွက်သွားမည့် အစီအမံများနှင့် စေတနာ့ဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် စက်သုံးဆီ၊ စားသောက်မှုစရိတ်တို့ကို တွက်ချက်တင်နိုင် ရေး၊ ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်နှင့် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တို့အတွက် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ဆောင် ရွက်သွားမည့် အစီအစဉ်များ၊ နယ်မြေအခြေအနေအရ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စ ရပ်များအပေါ် ဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် စနစ်တကျ စုဖွဲ့၍ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။