ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်
မြစ်ကြီးနား ဧပြီ ၂၉ ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက အသစ်ခန့်အပ်ထားသည့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း(၁၀၀)ဦးတို့အား လုပ်ငန်းခွင်သင်တန်းအဖြစ် ဖေဖော်ဝါရီလမှ စတင်၍ ၃ လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီ သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဝန်ထမ်းအသစ်များအနေဖြင့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများပီပီ မိမိနိုင်ငံ၊ မိမိလူမျိုးများ၏ အကျိုးအတွက် စိတ်စေတနာ ထက်သန်စွာဖြင့် တာဝန်ကိုလိုလားစွာ ထမ်းဆောင်ကြရန်၊ စာတွေ့(၃)လ ၊လက်တွေ့(၃)လ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးချိန်တွင် တာဝန်ကျရာဒေသရှိ ပြည်သူများအတွက် ကောင်းမွန်စွာအလုပ်အကျွေး ပြုကြရန် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နိုင်ကြသည့် […]ဆက်လက်ဖတ်ရှူရန်