ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံပေး
မြစ်ကြီးနား အောက်တိုဘာ ၂၀ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အမျိုး သမီးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ MICC-2 ခန်းမ၌ Virsual / Online ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုးအစီအ စဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ ပညာပေးဗီဒီယိုဖွင့်လှစ်ပြသခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းစသည့် အခမ်းအနားပြုလုပ်ကျင်း ပမှုများကို ကချင်ပြည်နယ်မှနေ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ်များနှင့် မိခင်များက တက်ရောက်ခဲ့ကြသည်။ […]Read More