ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်နှင့့်ငွေများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်နှင့့်ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဧပြီ ၂၀

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၁၇)ခုတို့မှ  နေရပ်စွန့်ခွာအိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်များနှင့် ထောက်ပံ့ ငွေများကို ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၊ တေဇခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

          ထောက်ပံ့ပေးအပ်ရာတွင်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကောင်စီအနေဖြင့် နိုင်ငံရေးအပြောင်းအလဲကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအောင် ဆောင် ရွက်နေသကဲ့သို့ နေရပ်စွန့်ခွာပြည်သူများကိုလည်း အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ပေးရခြင်းဖြစ်ပါ ကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ရေးနှင့် နေရပ်ပြန်လည်နေထိုင်ရေးကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် ယခုလို ထောက်ပံ့ပေးသကဲ့သို့ ပြည်သူများ၏ ဘဝတည်ငြိမ်အေးချမ်းမှုရှိစွာနေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နှင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ယင်းနောက် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက မြို့နယ်အတွင်း IDPs စခန်းများတွင် နေရပ်စွန့်ခွာအိမ်ထောင်စုများ နေထိုင်မှုအခြေအနေနှင့် နေရပ်စွန့်ခွာစခန်းများမှ ၎င်း တို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းထားရှိမှုတို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်း အောင်၊ ဦးမျိုးဆွေတို့နှင့်တာဝန်ရှိသူတို့က ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၁၇)ခုမှ အိမ်ထောင် စု (၂၁၄၁) လူဦးရေ (၁၁၅၁၀)ဦးတို့အတွက် တန်ဖိုးငွေကျပ် (၁၇၁၅၂၀၀၀)ရှိ ဆန်အိတ်စုစုပေါင်း (၅၃၆)အိတ်နှင့်ထောက်ပံ့ငွေကျပ်စုစုပေါင်း(၁၀၇၀၅၀၀၀)တို့ကို IDPs စခန်းတာဝန်ခံများထံ ထောက် ပံ့ပေးအပ်ခဲ့ကြရာ IDPs စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော ရဲတပ်ဖွဲ့ဝင်များအား သွား ရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပြီး ဆေးကုသမှုခံယူနေသော ရဲအရာရှိနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း (၁၄)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် တစ်သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၁၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။