မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်နာယူပွဲများ ကျင်းပ

 မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်နာယူပွဲများ ကျင်းပ

မြစ်ကြီးနား    ဧပြီ(၁၇)

          မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ဧပြီ ၁၇ ရက် (၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲကို ဇော်ဂျွန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ် ကမ်းပါး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရွှေဝါငါးကြင်းနှင့် ငါးခုံး မကြီး ငါးသားပေါက်ကောင်ရေ (၂၂၀၀၀၀)ကျော်တို့ကို ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဗိမ္ဗာန် တော်၌ ကျင်းပသည့် သက်ကြီးဘိုးဘွားပူဇော်ပွဲတွင် ဘိုးဘွား(၇၀)ဦးတို့အား ပူဇော်ကန်တော့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များက ဘိုးဘွားတစ်ဦးလျှင် ငွေသားနှင့် ခြုံစောင် (၁)ထည်စီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် မြို့တော်ခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲတွင် ဝန်းသိုကျောင်းတိုက်၊ ပြည်နယ်သံဃနာယ ကအကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသော ဆရာတော်/ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သဇ္ဇျယ်တော်မူကြပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပရိတ်တရားတော်များနာယူကြကာ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေကြ ကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။