ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ပူတာအို         ဧပြီ ၂၈

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသ အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧပြီ ၂၇ ရက်တွင် နံနက်ပိုင်းမှ စ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ပူတာအိုတပ် နယ် ၂၅ ကုတင်ဆံ့တပ်မတော်ဆေးရုံသို့ သွားရောက်ပြီး တပ်မှူး၊ ဆရာဝန်/သူနာပြုများနှင့် တွေ့ဆုံကာ ပြည်နယ်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများ CDM ဆောင်ရွက်နေကြသဖြင့် တပ်မတော်မှ ပြည်သူများအတွက်ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကျေးဇူး တင်ရှိကြောင်း၊ ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိစေရေးအတွက် လိုအပ်သည့်အကူအညီများကို အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်ဆေးရုံအတွက် ဆေးပဒေသ ပင်ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် စက်မှုလက်မှုသိပ္ပံကျောင်းဝင်းအတွင်း သက်မွေးပညာသင်တန်းများဖွင့်လှစ် ပို့ချပေးနိုင်မှုအခြေအနေများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုးချဲ့စာသင်ဆောင်၊ ဝန်ထမ်း အိမ်ရာနှင့် ကျောင်းသားကျောင်းသူအဆောင်များ၊ ကျောင်းတွင်း ကွန်ကရစ်ပတ်လမ်း စသည့်  တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး ၏ရှင်းလင်းမှုတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား လုပ်ငန်းများ သတ်မှတ်ချိန်အမီ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ပြီးစီးရေးမှာကြားခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်  စိုက်ပျိုးရေးဦးစီး ဌာနမှ တောင်သူဦးဆင်ခေါ်၏ လယ်၌ စမ်းသပ်စိုက်ပျိုးထားသည့် ပဲပုတ်စံပြစိုက်ကွက်အတွင်း ပဲပုတ်ပင်များ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်၊ မြို့နယ်စိုက်ပျိုး ရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့မှတစ်ဆင့် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပွဲတွင် ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ပြည်နယ် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆေးရုံအတွက် ဆေးပဒေသပင်ထောက်ပံ့ငွေကျပ်သိန်း(၅၀) နှင့် ဆေးရုံဝန်ထမ်းများအတွက် (၁၂)သိန်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၃၅)သိန်း၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များအတွက် (၂၇)သိန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများကိုလည်း အားပေးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များမှ တောင်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံသည့် ထုတ်ကုန်များ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာရေး ရည်ရွယ်၍ ဒေသတွင်း ဝဉစိုက်ပျိုးထုတ်လုပ်ရေး၊ ဒေသနှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းမှာကြားကာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ အသိပညာပေးနိုင်မှု၊ နည်းပညာထောက်ပံ့ကူညီပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများထံ ဝဉ မျိုးစေ့များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းအတွင်း မနောဧကရီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ခရိုင်စုပေါင်းရုံး(OSS)ရုံး တည်ဆောက်နေမှု အခြေအနေ နှင့် ထွေ/အုပ်ဧည့်ရိပ်သာ ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ခရိုင်အတွင်း အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားကွင်း အတွင်း၌ကျင်းပသည့် နွေရာသီအေရိုးဗစ်သင်တန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက်ရောက်အမှာစကားပြော ကြားပြီး အားကစားပစ္စည်းများ၊ အားကစားဝတ်စုံများကို ထောက်ပံ့ပေးအပ်ကြကာ သင်တန်းဖွင့် လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း(၅)သောင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။