ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲများပြုလုပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး   တွေ့ဆုံပွဲများပြုလုပ်

ပူတာအို         ဧပြီ ၂၇

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ ရက်တွင် ပူတာအိုခရိုင်၊ ပူတာမြို့သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ သို့ တက်ရောက်ပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို တရားဝင်ထုတ်ပြန်ကြေညာထားပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းပြောကြားပြီး မိမိပြည်နယ်ကောင်စီအနေဖြင့် ကြားကာလအတွင်း တာဝန် ယူဆောင်ရွက်ရသော်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပူတာအိုဒေသသည် ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းမှုအရှိဆုံး ဒေသဖြစ်သဖြင့် မိမိတို့အနေဖြင့် ဒေသတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေ ဖြင့် စိတ်ခံစားမှုကို ဦးစားမပေးဘဲ နိုင်ငံ့ဝန်ထမ်းတစ်ယောက်၏ တာဝန်ကို ကျေပွန်စွာထမ်း ဆောင်ကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ကောင်စီအနေဖြင့် တောင်ပေါ်မြေပြန့်တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသခံများအားလုံးနှင့် နိုင်ငံဝန်ထမ်းများက ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင် ရာလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင် မှုအခြေအနေ၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ရပ် ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ သို့တက်ရောက်ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

          ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များကိုတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် လမ်းတံတား လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ပေးခဲ့ပြီး လိုအပ်ချက်များအပေါ် အဓိကကျသည့် လုပ်ငန်းများကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မချမ်းဘောမြို့နယ်၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည့် ဂူဘားရိပ် သာ ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် ပြင်ဆင်ထိန်းသိမ်းရန်လိုအပ်သည့် အခြေ အနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုနှင့် မချမ်းဘောမြို့နယ် များအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားတို့၏ဓလေ့ထုံးတန်းစဉ်လာရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးတို့ နှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသူများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဘာသာရေးအဖွဲ့များအတွက် လှူဒါန်းငွေကျပ်သိန်း (၃၀)နှင့် စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ ကြသည်။