ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုးကောင်း      ဇူလိုင် ၉

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင် ဦးမျိုးဆွေနှင့်အတူ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

          ရှေးဦးစွာ မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ရန်ပုံငွေ ဖြင့်ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး၊ ရေနှုတ်မြောင်းများနှင့် ကျောက်စီရေထိန်းနံရံများ ဆောင်ရွက်ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်မြို့နယ်အလိုက်စီမံကိန်းလုပ်ငန်း များကို ဘတ်ဂျက်ခွဲဝေလျာထား၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားမှုများပြားလာသဖြင့် မိမိတို့ မြို့နယ်အလိုက် ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးရေး၊ ပြည်သူများပူးပေါင်းပါဝင်ရေးတို့အတွက် အလေးထားတိုက်တွန်းနှိုးဆော်သွားရန်လိုကြောင်း၊ မိမိ တို့ကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက်ရသော်လည်း မြို့၊ ရွာများဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေးကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရပ်ကွက်/ ကျေးရွာအုပ်စုများ အတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မိုးကောင်းမြို့၊အိုးတန်းရပ်ကွက် အတွင်းရှိ  ပြည်သူ့ဆေးရုံရှေ့ ရေနှုတ်မြောင်းနှင့် ဆေးရုံနောက်ကျောဘက်လမ်းခင်းပေးနိုင်ရေး၊ ကျွန်းတောတံတား၌ နန့်ရင်းချောင်းရေတိုက်စားမှုအခြေအနေနှင့် နတ်ကြီးကုန်းရပ်ကွက်အတွင်း ကမ်းပါးရေတိုက်စားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရပ်ကွက်အတွင်း ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် နန့်ရင်းချောင်းရေတိုက်စားမှုအတွက်  စနစ်တ ကျကွင်းဆင်းတိုင်းတာစစ်ဆေး၍ဆောင်ရွက်သွားရေး မှာကြားသည်။

ထို့မှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုးကောင်းမြို့မှ နမ္မတီး မြို့သို့ သွား‌ရောက်ပြီး နမ္မတီးမြို့၌ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မနောဧကရီကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် မြို့တော်ခန်းမတည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ပြီး သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ပြီးစီးရေး မှာကြားခဲ့သည်။

ထို့နောက် နမ္မတီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လိုအပ် ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရေး မှာကြားခဲ့သည်။

ယင်းနောက် နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်း (စက်ဝင်း)သွားလမ်းကွန်ကရစ်ခင်းကျင်းပေးနိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့မရပ်ကွက်အတွင်း ရှိ မြို့ပတ်လမ်းခင်းကျင်းဆောင်ရွက်နေမှုနှင့် ရေနှုတ်မြောင်းများ ဆောင်ရွက်နေမှု၊ မြို့ဦးရပ်ကွက် အတွင်းရှိ ဒူဝါလမ်း အရှည်ပေ ၂၀၀၀ နှင့် ကျန်စစ်သားလမ်း အရှည် ၁၄၀၀ ပေအား ကွန်ကရစ် လမ်းခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက် ရေးတာဝန်ရှိသူများအား မှာကြားခဲ့သည်။