ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာလအတွင်း IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာလအတွင်း IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၁

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှု များပြားလာသည်နှင့် အမျှ IDPs စခန်းနေမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ  IDPs စခန်း‌များသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင် ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ ဇီးအုန်နှစ်ခြင်းခရစ်ယာန်ဝင်း အတွင်းရှိ IDPs စခန်း၌ မလိယန်၊ ဇီးအုန်၊ ဗက်လင် IDPs  စခန်းများမှ တာဝန်ရှိသူများနှင့် စခန်းနေ မိသားစုများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ယခုလို လာရောက်ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မိသားစုများအနေဖြင့် သက်ဆိုင်ရာစခန်း များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးကို ကာကွယ်ရေးလုပ်ငန်းများကို အလေး ထားလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့် အခက်အခဲများ ကိုဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြား သည်။

          ယင်းနောက် IDPs စခန်းများမှ တာဝန်ခံများနှင့် မိသားစုများက နေထိုင်စားသောက်ရေးနှင့် စခန်းများ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်း လိုအပ်ချက်များနှင့် တွေ့ကြုံရသည့်အခက်အခဲများ ကိုတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စခန်းနေမိသားစုများအတွက် ဆန်အိတ် (၄၅)အိတ် နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးနှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် မော်ဖောင်းကျေးရွာလော်ဝေါ်စခန်း၌ လော်ဝေါ်နှစ်ခြင်း IDPs စခန်း၊ နန်းကွေ့ ကျေးရွာ စိန်ယောဟန်စခန်းနှင့် ကဘုဒန်းစခန်းတို့မှ တာဝန်ရှိသူများ၊ မိသားစုများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ စခန်းတာဝန်ခံများမှ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်တို့က လိုအပ်ချက်များဖြည့်ဆည်းပေးနိုင် ရေးစီမံဆောင်ရွက်ပေးခဲ့ကာ ဆန်အိတ် (၁၆)အိတ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

          အလားတူ ဂျာမိုင်ကောင်း စိန့်ပေါလ် RC စခန်း၌ နှစ်ခြင်း IDPs ၊ RC စခန်းနှင့် ပမ္မတီး နယ်မြေ(၁) IDPs စခန်းတို့မှ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကာ စခန်းများနေမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးနိုင် ရေးနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စခန်းများအတွင်း အသိပညာပေးခြင်း၊ ကျန်းမာရေးစစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဆန်အိတ် (၃၉)အိတ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။