ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့တက္ကသိုလ်ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကူညီပါဝင်ဆောင်ရွက်နေသူများအား ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့တက္ကသိုလ်ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကူညီပါဝင်ဆောင်ရွက်နေသူများအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂၅

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်အတွင်းရှိ အဆောင်များ တွင်ကိုဗစ်-၁၉အတည်ပြုလူနာများအတွက် သီးသန့်ထားစောင့်ကြည့်ကုသပေးသွားမည့်အဆောင် များအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္က သိုလ်ဝင်းအတွင်းရှိ ဖုန်ဂန်ရာဇီအမျိုးသားဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၀)ဦးတို့အား သီးသန့်ထားစောင့်ကြည့်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ စုစောင်းထားရှိမှုကို ကြည့်ရှုစစ် ဆေးခဲ့ကြပြီး သန့်ရှင်းရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ အဆောင် အတွင်း လူနာထားမည့် အခန်းများ၊ စေတနာ့ဝန်ထမ်းများအတွက် နားနေဆောင်များ ပြင်ဆင်ထား ရှိမှုနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူ များအား မှာကြားခဲ့သည်။

          ယင်းနောက် ဆဒုံးဘွမ်အမျိုးသမီးဆောင်အတွင်း လူဦး‌ရေ (၁၄၀)ဦးအတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်နေမှုများနှင့် အင်ခိုင်ဘွမ်အမျိုးသားဆောင်အား အရန်အဆောင်အဖြစ် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားနိုင်‌ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားကုသနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားသည့် အမျိုးသားဖျားနာဆောင်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အောက်စီဂျင်လိုအပ်သည့် လူနာများအတွက် ပိုက်လိုင်းစနစ်ဖြင့်အောက်စီဂျင်ပေးမည့်အခြေအနေ တို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း ကုသရေးလုပ် ငန်းများကို တာဝန်ယူဆောင်ရွက်ပေးနေကြသည့် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်များအလိုက်အသက် ၆၅နှစ် နှင့်အထက်ရှိသူများ၊ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန် ထမ်းများအပါအဝင် စေတနာဝန်ထမ်းများ၊ပရိဟိတအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုး/ ဘွားများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ဈေးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် စာရင်းကောက် ယူပြီး အချက်အလက်ရေးသွင်းဆိုင်ရာကိစ္စရပ်များနှင့် စစ်ဆေးစိစစ်ခြင်းဆိုင်ရာလုပ်ငန်းများအပေါ် မြို့နယ်အလိုက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အောက်စီဂျင်ရရှိရေး ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကာကွယ်ဆေးထိုး နှံပေးနိုင်ရေး စာရင်းအချက်အလက် ကောက်ယူရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် တာဝန်ခွဲဝေဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းချိတ်ဆက်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အောက်စီဂျင်စက်ရုံများ အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။