ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂၆

          မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်တွင် နေထိုင်ရေး Stay At Home အစီအစဉ်တွင် ပါဝင်လာပြီး နေအိမ်ပြင်ပထွက်သွားလာခွင့်ရှိသူများ အား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်းကာ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးကို ဆောင်ရွက် ခဲ့ကြသည်။

          မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့  ဝန်ထမ်းများက လူအများသွားလာရာနေရာဖြစ်သည့် မြိုမဈေးအမှတ် (၁ နှင့် ၂)ကြား ဈေးကြီးလမ်း

တွင် လမ်းသွားလမ်းလာများနှင့် ဈေးဝယ်သူများ၊ ရေစင်ဈေးအတွင်းရှိ ဈေးရောင်းသူများနှင့် ဈေး ဝယ်များအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး အသိပညာပေးခဲ့ကြသည်။

          ယင်းနောက် မြို့တော်ခန်းမ၌ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ပေးနေသည့် ပင်စင်စားနိုင်ငံဝန်ထမ်းဟောင်းများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေးနှင့် နေအိမ်ပြင်ပထွက်တိုင်း Mask များတပ်ဆင်ကြ ရေး အသိပညာပေးခဲ့ကြသည်။

          ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေးခန်းမ၌ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့ အပါအဝင် ပြည်နယ်အတွင်းရှိ ဆေးရုံများအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး အလုံး ၄၀၀ တွင် အောက်စီဂျင်ဖြည့်တင်း သည်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမြန်ဆုံးသယ်ယူနိုင်ရေးနှင့် လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင် ရေးစီမံဆောင်ရွက်ပေးခဲ့သည်။