ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မြစ်ကြီးနား     ဇွန် ၂၀

          ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက် များအပေါ် လိုက်နာပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် ရသင့် ရ ထိုက်သော အခွန်အခများ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ သင်တန်း မှတစ်ဆင့် လက်တွေ့နယ်ပယ်တွင် ဌာန အချင်းချင်းပူးပေါင်းဆောင်ရွက်စေပြီး တရားမဝင် ကုန်သွယ် မှုပပျောက်ရေး အထူးအလေးထားဆောင် ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းလိုက်နာ၍ ဖမ်းဆီး/တားဆီးမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုကြောင်း တိုက် တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အထူးအဖွဲ့သင်တန်းသား (၃၈)ဦးတို့အား သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ် နည်းများ၊ အမိန့်ညွှန်ကြားချက်များကို အထိုက်အလျောက်သိရှိပြီး လက်တွေ့ နယ်ပယ်များတွင် စုပေါင်း စစ်ဆေးရေးများ/ ဖမ်းဆီးရေးများကို ပိုမိုအောင်မြင်အောင် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဖွင့်လှစ်သွားပိုးချသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင် ရေး(ဆင့်ပွား)သင်တန်းတက်ရောက်ကြမည့် သင်တန်းသား (၃၈)ဦးတို့အား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

          အဆိုပါ သင်တန်းကို ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ဌာနဆိုင် ရာဝန်ထမ်း (၃၈)ဦးတို့အား ဦးဆောင်ကော်မတီသင်တန်းတွင် တက်ခဲ့သော ဝန်ထမ်းနည်းပြ (၂)ဦး၊ ဆက်စပ်ဌာနဆိုင်ရာများမှ နည်းပြ (၁၁)ဦးဖြင့်  ၂၀. ၆.၂၀၂၂ ရက်နေ့မှ ၂၄.၆.၂၀၂၂ ရက်နေ့ အထိ (၅)ရက်ကြာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။