ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက စုပေါင်း ကနိုင်ရေး ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက စုပေါင်း ကနိုင်ရေး ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ   ၇

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကနိုင်ရေးအတွက် ပြည်နယ်အစိုးရရုံးဝင်းအတွင်း မနောတိုင် စိုက်ထူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ပြီးစီး မှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

          (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာ မနောအက စုပေါင်းဆင်နွှဲနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မနောအကဦးဆောင်ကျင်းပရေးအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူကြရာ ရိုးရာအစဉ်အလာနှင့်အညီ သိက္ခာ တော်ရဆရာတော်က ဆုတောင်းဆက်ကပ်ပေးပြီး မနောတိုင်ကို စိုက်ထူခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က မနောအကဦးဆောင်ကျင်းပရေးအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများနှင့်ချီးမြှင့် ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့နောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၉ရ)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ်၌ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကာ ယနေ့တွင် ၎င်းတို့၏ နေရပ်မြို့များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် နေရပ် ပြန်ပြည်သူများအား သွား‌ရောက်တွေ့ဆုံအားပေးကာ ထောက်ပံ့ပေးအပ်မှုများနှင့် လိုအပ်သည် များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

          ယင်းနောက် စီတာပူရပ်ကွက် မနောကွင်းအတွင်း ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် တိုင်း ရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ကောက်သစ်စားခြင်း အစီအစဉ်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ မနောအိမ်တော်နှင့် မဂျွယ်ခန်းမတို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြပြီး ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။