ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေမိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေမိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

ဗန်းမော်         သြဂုတ် ၁၅

          ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီတွင် ဗန်းမော်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၅)ခုမှ မိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို လျင်မြန်စွာထိန်းချုပ်နိုင်ရေး တင်းကြပ်စွာဆောင်ရွက်နေသကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ပြည်သူများ နေထိုင်စားသောက်မှု အခက်အခဲမရှိစေရေးအတွက်ကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေ မိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ယခုလိုထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ထို့ အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကို အသက်သာဆုံးနှင့် အလျင်မြန်ဆုံး ထိန်းချုပ်နိုင်ရေး အားလုံးက ပူးပေါင်းပါဝင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၅)ခုမှ တာဝန်ရှိသူများက ကပ်ရောဂါကာ လအတွင်း နေထိုင်စားသောက်မှုအခက်အခဲများ၊ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းလိုအပ်ချက်များ၊ ထောက်ပံ့ပေးအပ်မှုများနှင့် စပ်လျဉ်း၍ အသီး သီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူနှင့် တာဝန်ရှိသူများက ဗန်းမော်မြို့နယ်အတွင်းရှိ လီဆူစခန်းအတွက် ဆန် ၁၅ အိတ်၊ ရောဘတ်စခန်းအတွက် ဆန်အိတ် ၄၀၊ ထွယ်ဆန်စခန်း အတွက် ဆန် ၁၀ အိတ်၊ ဖန်ခါးကုန်းစခန်းအတွက် ဆန် ၁၀ အိတ်နှင့် အေဒီ ၂၀၀၀ စခန်းအတွက် ဆန်အိတ် ၂၅ အိတ်တို့နှင့် ယာဉ်မောင်းသူများပရဟိတအဖွဲ့အတွက် ဆန်အိတ် ၂၅ အိတ် စုစုပေါင်း ဆန်အိတ် ၁၂၅ အိတ်နှင့် ထောက်ပံ့ငွေများ၊ ဗန်းမော်သွေးလှူရှင်များအသင်းနှင့် လိုအပ်နေသူ ဖေးမလို့ကူပရဟိတ အသင်းတို့အတွက် ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၄ သိန်းတို့ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စခန်းနေပြည်သူများ၏ လိုအပ်ချက် များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသူများအနေဖြင့် မိမိတို့နိုင်ငံသည် စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားလာစေရေး အတွက် နည်းပညာအထောက်အကူများ၊ လိုအပ်ချက်များကို မိမိတို့အစိုးရအနေဖြင့် ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း မိမိတို့၏ လုပ်ငန်းကို စည်း ကမ်းချက်များနှင့်အညီ ဒေသတွင်း ပြည်သူများ၏ စားနပ်ရိက္ခာပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေး နှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မွေးမြူရေး လုပ်ငန်းများအပေါ် စနစ်တကျဖြင့် တိုးတက်ဖွံ့ဖြိုးအောင် မွေးမြူဆောင်ရွက်နိုင်သည့် အချက် အလက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ် ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများက မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲများနှင့် လိုအပ်သည့် ဈေးကွက်ရှာဖွေရေး၊ စိုက်ပျိုးမွေးမြူရေးသုံးအထောက်အကူပြု ပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ၊ အခက်အခဲများအပေါ် အစိုးရဖွဲ့အနေဖြင့် အဖွဲ့အစည်း အသီးသီးဖြင့် ညှိနှိုင်းချိတ်ဆက်၍ ဆောင်ရွက်ပေးသွားရေး၊ ထို့အပြင် ဝဥ ကို ပြည်နယ်၏ စိုက်ပျိုးထုတ်အဖြစ် စိုက်ပျိုးထုတ်လုပ်သွားရေးနှင့် နည်းစနစ်တကျ စိုက်ပျိုးမွေးမြူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက် အတွင်းရှိ တံခွန်တိုင်ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဣန္ဒာသဖ အား ဖူးမျှော်ကြည် ညိုပြီး နာဝကမအလှူငွေကျပ်  ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။