ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ဗန်းမော်         သြဂုတ် ၁၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ် အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်း များကို သြဂုတ် ၁၄ ရက်တွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ နံနက် ၇ နာရီခွဲတွင် ဗန်းမော်မြို့ မြို့မရပ်ကွက် ကမ်းနားဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူ များအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး နှာခေါင်းစည်းများ စနစ်ကျတပ်ဆင် သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့ကြသည်။

          ဆက်လက်၍ ကမ်းနားလမ်း ဧရာဝတီမြစ်ဆိပ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရိက္ခာဖူလုံ စေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများ စိုက် ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၆၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၂၀၀၀၀ တို့အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

          ယင်းနောက် မီးသတ်ဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်တွင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားသဖြင့် ရေပြင်ကူညီကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ခြင်း လုပ် ငန်း ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ ကယ်ဆယ် ရေးပစ္စည်းများ ပြသထားမှုနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းများ ပြသထားမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် အမှတ် ၉၃၃ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအတွင်း ခရိုင်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များအတွက် ကြက်၊ ဝက်၊ ဘဲ မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးအကောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၃ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ထိုမှတစ်ဆင့် (၃)မိုင်ကျေးရွာရှိ  ပုဂ္ဂလိပိုင် သိန်းဒေသကြက်မွေးမြူခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကာ မွေးမြူရေးအကောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေး အပ်ခဲ့ပြီး  ဗန်းမော်-မိုးမောက်လမ်းပေါ်ရှိ ဗန်းမော်မြို့တွင်း မြတ်မင်းမီးပွိုင့်မှ လေဆိပ်လမ်းဆုံအထိ လမ်းဘေးဝဲ/ယာ အုတ်စီရေနှုတ်မြောင်းဆောင်ရွက်နေမှုနှင့် ဗန်းမော်-နောင်လိုက်-တာစိုက်လမ်း ၁.၀၉ ကီလိုမီတာအား ၂၄ ပေအကျယ် AC လမ်းခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေကြသည့် ကုမ္ပဏီ များအနေဖြင့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင်ဆောင် ရွက်ရေး၊ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရေး မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ ပူးပေါင်း၍ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့် ရှုအားပေးခဲ့ကြပြီး နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          ယင်းနောက် စီဟဲကျေးရွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာစိုက်ခင်းအဖြစ် ကွင်းအမှတ် (၁၈၅) ၊ ၂၃၈ ဧကအတွင်း ဆောင်ရွက်ထားသည့်  ဆင်းဧကရီ (၃) မိုးစပါးစိုက်ခင်းအတွင်း စပါးစိုက်တောင်သူဦးကြီးများနှင့်အတူ စပါးပင်များ ရှင်သန်အထွက် တိုးစေရေးအတွက် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာပက်ဖျန်းပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီး ဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့မှတစ်ဆင့် မံစီမြို့သို့ သွားရောက်ခဲ့ကြပြီး မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိ တလူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံကာ ပြည် နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ် ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် ဆန်အိတ် ၇၆ အိတ်၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် နှာခေါင်း စည်း Mask ၁၆၅၀၀ ခု၊ PPE ဝတ်စုံ ၃၀၀ ၊ လက်အိတ် ၄၀၀ စုံ၊ ပိုးသတ်ဆေးပုံး ၅ ပုံး၊ လက်ဆေးရည်ဘူး ၁၀၀၊ ဆပ်ပြာခဲ ၇၀၀ တို့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ထောက်ပံ့ ငွေကျပ် ၅ သိန်း၊ လူမှုရေးအသင်းအဖွဲ့ ၅ ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၂) ဖွဲ့ အတွက် ထောက်ပံ့ငွေကျပ် ၄ သိန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၂ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

          ထို့နောက် မံစီမြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုင်းရင်းဆေးရုံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ ကုသပေးနေမှုအခြေအနေတို့ကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူ့ ဆေးရုံကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၈၅၀၀၀၀ နှင့် တိုင်းရင်းဆေးရုံဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ဗန်းမော်မြို့ရှိ ဟန်တဲရပ်ကွက်၊ ဖန်ခါးကုန်းကျေးရွာ၌ သိန်း ပုဂ္ဂလိကကြက် မွေးမြူရေးခြံသို့ သွားရောက်ပြီး ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများ အားပေးကြည့်ရှု ခဲ့ပြီး မွေးမြူရေးအကောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကာ (၃)မိုင်မြို့ရှောင်လမ်း  ပေါ်၌ (၁) ကီလိုမီတာ ၂၄ ပေ AC လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဟန်တဲရပ်ကွက်အတွင်း ဒေသနွားမွေးမြူရေးခြံလုပ် ငန်းဆောင်ရွက်လျက်ရှိသည့် ဦးသောင်းအေး မိသားစုနွားခြံ၌ မိသားစုတစ်ပိုင်တစ်နိုင်နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး မွေးမြူရေးအကောက်အကူပြု ဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၃ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ထိုမှတစ်ဆင့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း၌ ၄၈ ပေအကျယ် AC ကတ္တရာလမ်းခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် သာသနာ့လင်းရောင်ခြည်ဘုန်းတော်ကြီးကျောင်း၌ Quarantine Centre အဖြစ် ပြင်ဆင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး  ဗန်းမော်မြို့ စိန့်ပက်ထရတ်ကာသီဒြယ် RC ဘုရားကျောင်း၌ ဘုန်းတော်ကြီး၊ အသင်းတော်တာဝန်ရှိသူများကိုလည်းကောင်း၊ ရောဘတ်နှစ် ခြင်းအသင်းတော်ကျောင်းဝင်းအတွင်း ဗန်းမော်မြို့နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူ များကို လည်းကောင်း သွားရောက်တွေ့ဆုံပြီး အသင်းတော်များအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်း စီဖြင့် စုစုပေါင်းငွေကျပ် ၄ သိန်းနှင့် ဆန်အိတ် ၅၀ နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နှစ်ခြင်းအသင်းတော် IDPs စခန်း၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ အတည်ပြုလူနာပြုစုစောင့်ရှောက်ရေးစခန်း၌ စေတနာ့ဝန်ထမ်းလူငယ်များအတွက် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော် ကြည်ညိုကာ ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် ၅ သိန်းနှင့် ဆန်အိတ် ၂၀ အိတ်ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။