ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များသို့ ကွင်းဆင်း စစ်ဆေးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှု

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များသို့ ကွင်းဆင်း စစ်ဆေးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှု

မြစ်ကြီးနား သြဂုတ် ၁၈
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ရနာရီခွဲအချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များ၏ မြေပြင်အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အဖွဲ့သည် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရေဝပ်ရေအိုင်ခြင်းများ အတွက် ရွှေလမ်းမကြီးလမ်းဘေး ဝဲ/ယာ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်တံတားဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား ဖြည့်စွက်ညှိနှိုင်းပေး ခဲ့သည်။
ယင်းနောက် အဆိုပါရပ်ကွက်ရှိ တောင်သူများ၏ လယ်ယာမြေများအား မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေမြုပ်ဖုံးလွမ်းမှု မရှိစေရန် ရေနုတ်မြောင်းများ တူးဖော်ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်ဖောင်းနယ်မြေရှိ ဝဥ စိုက်ပျိုးထားခြင်း ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား လေ့လာကြည့်ရှုပြီး အဆိုပါ ဝဥ အား ကချင်ပြည်နယ်၏ထုတ်ကုန်အဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ဝဥ စိုက်သည့် တောင်သူများ ပိုမိုများပြားလာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများအား တိုက်တွန်းမှာကြားသည်။ထို့နောက် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေအိုက်ရပ်ကွက် ဘီစီလမ်း ရေဝပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလတွင် ပြည်သူများအဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရန်အဆိုပါလမ်းအား အမြန်ဆုံးပြုပြင် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထိ်ုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့်ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် မြို့မရပ်ကွက်ရှိ စည်ပင်သာယာ မြစ်ဆိပ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် သရုပ်ပြသမှု အခမ်းအနားသို့ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။
အဆိုပါသရုပ်ပြရာတွင် ‘Fire Boat ပေါ်မှ ရေနစ်နေသူအနားသို့ Line Shooter ဖြင့် ပစ်ခတ်၍ ကယ်ဆယ်မှုများဆောင်ရွက်ခြင်း၊ Fire Boat အား ရေနစ်နေသူအနီးသို့ ချဉ်းကပ်၍ အသက်ကယ်ဘော ပစ်၍ ကယ်ဆယ်ခြင်း ၊ ရေနစ်နေသူများကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကယ်ဆယ်ခြင်း၊ ကယ်ဆယ်ထား ရှိသော လူနာများအား ရှာဖွေကယ်ဆယ်ရေးလှေဖြင့် ကမ်းနားသို့သယ်ဆောင်ခြင်း ၊ ကြက်ခြေနီနှင့် မိတ်ဖက်အဖွဲ့အစည်း များမှ လူနာများအား ရှေးဦးသူနာပြုစုခြင်း၊ လူနာများအား သူနာတင်ယာဉ်ဖြင့် အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးခြင်း’ အစရှိသည်များအား ပြည်နယ်မီးသတ်ဦးစီးဌာန ၊ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် လူမှုကူညီရေးအဖွဲ့များမှ ပူးပေါင်း သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီး ဌာန ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မြစ်ကြီးနား)၊ ပေးဆပ်သူ လူမှုကူညီရေးအသင်း တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ခင်းကျင်း ပြသထားသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Fire Boat ဖြင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက် မြစ်ရေထိန်းနံရံများနှင့် ရေဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သတင်းရရှိသည်။