ကချင်ပြည်နယ်ဝန်ကြီးုချုပ် ဦးခက်ထိန်နန်သည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးုချုပ် ဦးခက်ထိန်နန်သည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၉ရက်နေ့ နံနက် မွန်းလွှဲ ၁နာရီအချိန်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန် သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲနှင့် နှောင့်နှေးကြန့်ကြာမှု ရှိခြင်းများကို နားလည်ပါကြောင်း ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာကိစ္စရပ်များအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက မပြီးပြတ်သေးသည့် လုပ်ငန်းကိစ္စရပ်များအား ကုမ္ပဏီလုပ်ငန်းရှင်များနှင့်ဌာနဆိ်ုင်ရာများ ပူးပေါင်းညှိနှိုင်းအဖြေရှာပြီး တတ်သိနားလည်သော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးညှိနှိုင်းကြရန် ဖြည့်စွက်ပြောကြားသည်။ အဲဒီနောက် ကချင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထက်မှ အကျယ်တဝင့် ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီး တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မပြီးပြတ်သေးသည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ကုမ္ပဏီလုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာများအကြား ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကြရန် နှင့် လာမည့်မီနီဘတ်ဂျက်တွင်လည်း အခက်အခဲ အနည်းဆုံးဖြင့်ကျော်လွှားနိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။