ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်တင်/ပို့ရာတွင် မော်တော်ယာဉ်များ စနစ်တကျ ဖြစ်စေရေး ကုန်စည်ပို့ဆောင်‌ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ကြပ်မတ်နိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပဏာမကွင်းဆင်းတိုင်းတာ လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်တင်/ပို့ရာတွင် မော်တော်ယာဉ်များ စနစ်တကျ ဖြစ်စေရေး ကုန်စည်ပို့ဆောင်‌ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ကြပ်မတ်နိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပဏာမကွင်းဆင်းတိုင်းတာ လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၁

          ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ဖရဲ၊ ငရုတ်စသည့် စိုက်ပျိုးသီး နှံများအပါအဝင် အခြားကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် မော်တော်ယာဉ် များ စနစ်တကျဖြစ်စေရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး အကျိုးရှိထိ‌ ရောက်စွာ စီမံကွပ်ကဲဆောင်ရွက်နိုင်‌ရေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းရေးလုပ်ငန်းသည် နိုင်ငံနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်းလုပ်ငန်း ရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေသည့်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံသို့ ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန် များအပြင် အခြားကုန်ပစ္စည်းများကို တင်ပို့ရာတွင် ပိုမိုအားကောင်းခိုင်မာလာပြီး အကျိုးဖြစ်ထွန်းစေ ရေး၊ မော်တော်ယာဉ်များစနစ်တကျစီမံကွပ်ကဲပြေးဆွဲနိုင်ရေးအတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း များဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စွာထွန်းက နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် မော်တော်ယာဉ်များစနစ်တကျဖြစ်စေရေးအတွက် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများပါ စီမံခန့်ခွဲဆောင်ရွက်နိုင်သည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ပြည်နယ် မြန်မာ – တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ပုဂ္ဂလိကပိုင် မော်တော်ယာဉ်အသင်းများမှ တာဝန်ရှိသူများက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြသည့် မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ စနစ်တကျကြီးကြပ်နိုင်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်စည် တင်/ပို့ရာတွင်လည်း ကောင်း၊ ကုန်စည်စီးဆင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း မော်တော်ယာဉ်များအား တည်ဆဲဥပဒေ၊ နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်နိုင်ရေး မော်တော်ယာဉ်များကြီးကြပ်ရေးကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ဝိုင်းမော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပဏာမကွင်း ဆင်းတိုင်းတာ လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်တွင် လောင်စာဆီဖြင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရသည့် မြို့နယ်များရှိနေသေးသည့်အတွက် မီးလင်း ရေးအတွက် လောင်စာဆီသုံးစွဲမှုမြင့်မားလျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ယနေ့ ဝိုင်း မော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပဏာမကွင်းဆင်းတိုင်း တာစစ်ဆေးခဲ့မှု အခြေအနေကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ရေအားလျှပ်စစ်ထုတ်လုပ် နိုင်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြပြီး ဆွတ်ဂွမ်ဂျာကုမ္ပဏီလီမိတက်မှတာဝန်ရှိသူက ဝိုင်းမော်မြို့နယ်၊နမ့်ဒဘတ်ချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး လုပ်ကွက်များအလိုက် ကနဦးကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့မှု အခြေအနေများနှင့် ထွက်ရှိနိုင်မည့် လျှပ်စစ်ဓာတ်အားပဏာမကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြ သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကွင်းဆင်း တိုင်းတာချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ် နန့်ဒဘတ်ချောင်းမှ ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး ပြန်လည်စိစစ်တင်ပြဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ရေအား လျှပ်စစ်ထုတ်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်း‌ပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ် များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။