ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက် မိုးစပါးရိတ်သိမ်းပွဲ တွင် တစ်ဧက စပါးအစိုတင်း ၁၄၀ ထွက်ရှိမှုကို တောင်သူများနှင့်အတူ တက်ရောက် ကြည့်ရှု အားပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက် မိုးစပါးရိတ်သိမ်းပွဲ တွင် တစ်ဧက စပါးအစိုတင်း ၁၄၀ ထွက်ရှိမှုကို တောင်သူများနှင့်အတူ တက်ရောက် ကြည့်ရှု အားပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၂

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးထမ်းဘောမ်၏ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မိုးစပါးရိတ် သိမ်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက အဆိုပါ စံပြကွင်းအတွင်း ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများနှင့်တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စံကွက်ရိတ်သိမ်းဆောင် ရွက်သွားမည့် အစီအစဉ်များ၊ ရည်မှန်းအထွက်နှုန်းထက် ပိုမိုတိုးပွားထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်အတွင်း မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စံပြကွက်အတွင်းရှိ တောင်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဆောင်းရာသီ သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ စိုက်ပျိုး နိုင်ရေး နေကြာမျိုးစေ့များကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေးအတွက် ခရမ်းချဉ်မျိုးစေ့များကိုလည်းကောင်း အသီးသီးပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ တိုးတက်ရေး အားပေးဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ဈေးကွက်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် တောင်သူများဘဝ တိုးတက်မြှင့်မားရေး တွန်းအားပေး ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ စံပြကွက် အတွင်း မိုးစပါးသီးနှံဖြစ်ထွန်းမှုနှင့် သီးထပ်သီးနှံများ ဖြန့်ဝေစိုက်ပျိုးသွားမည့် မျိုးစေ့များကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး မိုးစပါးစံပြကွက်အတွင်း ရိတ်သိမ်းခြွေလှေ့စက်ဖြင့် သရုပ်ပြရိတ်သိမ်းမှု၊ ရိတ်သိမ်းပြီး မိုးစပါးများကို တိုင်းတာချိန်တွယ်ပြီး တစ်ဧက စပါးအစို တင်း ၁၄၀ ထွက်ရာ အခြောက်တင်း အနေဖြင့် တင်း ၁၃၂ တင်းထွက်ရှိသည့် အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၇ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ရုံးဝင်းသာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စုပေါင်း၍ သစ် ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်း၊ အဖွဲ့အစည်းများအတွက် ထောက် ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။